Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ထဲမှာ စစ်တပ်က ၃ ရက်အတွင်းဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး

အဆိုပါဖမ်းဆီးခံရသူတွေက သေနတ်ပစ်ခတ်သံတွေကြားလို့ ကြောက်လန့်တဲ့အတွက် ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

မုန်းမြို့နယ်ထဲမှာ စစ်တပ်က ၃ ရက်အတွင်း ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး
မုန်းမြို့နယ်ထဲမှာ စစ်တပ်က ၃ ရက်အတွင်း ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် မူး(မုန်း)မြို့နယ်ထဲမှာ ၃ ရက်အတွင်း ကလေးသုံးဦးအပါအဝင် ပြည်သူ(၃၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်(၆)ရက် မနက် ၈ နာရီ (၁၅)မိနစ်အချိန်က စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ တပ်ကုန်းကျေးရွာနေ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး မနက်(၁၁)နာရီအချိန်ခန့်ကလည်း တပ်ကုန်းကျေးရွာနေ ကလေးသုံးဦးအပါအဝင် အရပ်သားခုနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကာ ထွက်မပြေးဖို့နဲ့ ထွက်ပြေးမယ်ဆိုပါက ပစ်မယ်လို့ဆိုပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်ထဲမှာ ဖမ်းဆီးထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေက သေနတ်ပစ်ခတ်သံတွေကြားလို့ ကြောက်လန့်တဲ့အတွက် ဖမ်းဆီးခံရတဲ့ကြားကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လေးရက်နေ့က ကေအဲန်ယူ-မူးမြို့ယန်အတွင်းရှိ မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာနဲ့ မုန်းဒေသမှာနေထိုင်တဲ့ ဒေသခံပြည်သူစုစုပေါင်း(၂၅)ဦးဟာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကိုခံရပြီး အဲ့ဒီထဲကဒေသခံတချို့ဟာ ကွမ်းနဲ့ကွမ်းသီးစတဲ့ ဥယျာဉ်ခြံထွက်သီးနှံတွေကို သွားရောက်ရောင်းချတဲ့သူတွေလည်းပါရှိကာ အဆိုပါသီးနှံခြံထွက်ရောင်းရငွေ ကျပ်သိန်း(၁၅၀)လည်း ပါသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ ခမရ(၅၉၀)တပ်ရင်းကို ပြန်လည်ခေါ်ဆောင်သွားပြီး ဒီကနေ့အချိန်ထိ ပြန်မလွတ်သေးဘူးလို့ ကေအဲန်ယူကပြောပါတယ်။

လက်ရှိအချိန်မှာ ဒေသခံပြည်သူတွေအနေနဲ့ တဖက်မှာရာသီဥတုဖောက်ပြန်မှုကြောင့် တချို့နေရာတွေမှာ မိုးမရတဲ့အတွက် စိုက်ပျိုးသီးနှံတွေပျက်စီးခဲ့ရပြီး တဖက်မှာလည်း မိမိတို့ရဲ့ဥယျာဉ်ထွက်သီးနှံတွေ သွားရောက်ရောင်းချရာမှာလည်း လမ်းမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။