Connect with us

Hi, what are you looking for?

သတင်း

ကလေး PDFက စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ကြိမ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရသည်ဟု ဆိုသည်။

(ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF)
(ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် စစ်ကောင်စီယာဉ်တန်းတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး ယာဉ်ပျက်စီးမှုလည်းရှိခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဩဂုတ် ၂၉ရက်နှင့် ယနေ့ ၃၀ရက်တို့တွင် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ဩဂုတ် ၂၉ရက် ညပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစခန်းဝန်းအတွင်းမှ စစ်ကောင်စီတပ်သည် အင်အား ၂၀ခန့်ဖြင့် ရွာက်မြောက်ဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာစဉ် ကလေး PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ဆုတ်ခွာပြေးရာ မြောက်စည်းရဲစခန်းအနီးသို့ အရောက် ကလေး PDFက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ကြိမ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယနေ့(ဩဂုတ် ၃၀ရက်) နံနက်ပိုင်းက ကလေးမြို့နယ် မြောက်ပိုင်းတွင် စစ်ကား ငါးစီး ပါ ယာဉ်တန်းသည် ကံသာယာရွာမှ တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာရာ ကံလှရွာတောင်ဘက် ကျွန်းစိုက်ခင်းအနီးတွင် ကလေး PDFနှင့် ရပ်ရွာ(ပကဖ)ပူးပေါင်းတပ်ဖွဲ့များက မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားတစ်စီး ချောက်အတွင်း ထိုးဆင်းသွားပြီး အခြား တစ်စီးမှာ မိုင်းထိမှန် ပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ