Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေး PDFက စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ကြိမ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရသည်ဟု ဆိုသည်။

(ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF)
(ကလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် စစ်ကောင်စီယာဉ်တန်းတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး ယာဉ်ပျက်စီးမှုလည်းရှိခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဩဂုတ် ၂၉ရက်နှင့် ယနေ့ ၃၀ရက်တို့တွင် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ဩဂုတ် ၂၉ရက် ညပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ရဲစခန်းဝန်းအတွင်းမှ စစ်ကောင်စီတပ်သည် အင်အား ၂၀ခန့်ဖြင့် ရွာက်မြောက်ဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာစဉ် ကလေး PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြောက်လန့်တကြား ဆုတ်ခွာပြေးရာ မြောက်စည်းရဲစခန်းအနီးသို့ အရောက် ကလေး PDFက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ကြိမ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယနေ့(ဩဂုတ် ၃၀ရက်) နံနက်ပိုင်းက ကလေးမြို့နယ် မြောက်ပိုင်းတွင် စစ်ကား ငါးစီး ပါ ယာဉ်တန်းသည် ကံသာယာရွာမှ တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာရာ ကံလှရွာတောင်ဘက် ကျွန်းစိုက်ခင်းအနီးတွင် ကလေး PDFနှင့် ရပ်ရွာ(ပကဖ)ပူးပေါင်းတပ်ဖွဲ့များက မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ကားတစ်စီး ချောက်အတွင်း ထိုးဆင်းသွားပြီး အခြား တစ်စီးမှာ မိုင်းထိမှန် ပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။