Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါနယ်မြောက်ပိုင်းမှ ဆန်စပါးနှင့် ဆီသယ်ယူရောင်းချခြင်း ပိတ်ပင်ကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်

အလားတူ ပြည်သူများ၏ စား၊ဝတ်၊နေရေး အဆင်ပြေစေရေးအတွက်ဆန်စပါးနှင့်ကုန်စည် အချို့သယ်ယူရောင်းချခြင်းများကိုအစဉ်သဖြင့် စောင့်ကြည့်ကြပ်မတ်နေသည်ဟု ဆိုသည်။

ဂန့်ဂေါနယ်မြောက်ပိုင်းမှ ဆန်စပါးနှင့် ဆီသယ်ယူရောင်းချခြင်း ပိတ်ပင်ကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်
ဂန့်ဂေါနယ်မြောက်ပိုင်းမှ ဆန်စပါးနှင့် ဆီသယ်ယူရောင်းချခြင်း ပိတ်ပင်ကြောင်း မြို့နယ်(ပအဖ) ထုတ်ပြန်

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသများမှ ဆန်စပါးနှင့် ဆီသယ်ယူရောင်းချခြင်းကို ပိတ်ပင်ကြောင်းဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

ယခုအခါ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးသောကြောင့် ဆန်စပါးနှင့် ကောက်ပဲသီးနှံများဆုံးရှုံးရခြင်း အကျိုးဆက်မှ ဆန်နှင့်ဆီ ဈေးနှုန်းကို ထိန်းညှိရန်လိုအပ်ခြင်း စသည့်အကြောင်းရင်းများကြောင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှ ဂန့်ဂေါမြို့ပေါ်သို့လည်းကောင်း၊ ဂန့်ဂေါမြို့နယ်ပြင်ပသို့လည်းကောင်းဆန်စပါးနှင့်ဆီသယ်ယူရောင်းချခြင်းကို ပိတ်ပင်တားမြစ်ကြောင်း ဖော်ပြသည်။

အလားတူ ပြည်သူများ၏ စား၊ဝတ်၊နေရေး အဆင်ပြေစေရေးအတွက်ဆန်စပါးနှင့်ကုန်စည် အချို့သယ်ယူရောင်းချခြင်းများကိုအစဉ်သဖြင့် စောင့်ကြည့်ကြပ်မတ်နေသည်ဟု ဆိုသည်။

“လက်ရှိက ဂန့်ဂေါနယ်မြောက်ပိုင်းမှာ ဆန်၊စပါး၊နှမ်း ဆုံးရှုံးတာတွေများနေပါတယ်။ ကုန်သည်အချို့ ဈေးကစားတာတွေလုပ်လို့ လိုအပ်တာထက် ဈေးတက်နေပြီး စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေအတွက် အခက်အခဲတွေ ကြုံတွေ့နေရလို့ပါ”ဟု ကြေညာချက်နှင့်ဆက်စပ်၍ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ဂန့်ဂေါ မြောက်ပိုင်းကို သြဂုတ် ၁၈ရက် လောက်စပြီး စခ တပ်တွေ စစ်ကြောင်းထိုးခဲ့တာ။နှမ်းခါး၊ထယ်လှော်(ဘင်း)၊မောက်၊ကျော် နဲ့ စိုင်ဒူးရွာ က ပြည်သူတွေရဲ့နေအိမ်တွေကိုပါ မီးရှို့တာတင်မကဘူး စားနပ်ရိက္ခာ၊ဆေးဝါးတွေပါ မီးရှို့ခဲ့တယ်။ပြီးတော့ စစ်ဘေးရှောင်တဲ တွေနဲ့ ကားတွေပါ ဖျက်ဆီးခံခဲ့ရတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း သည် သြဂုတ် ၂၉ ရက်တွင် ဂန့်ဂေါမြို့နယ် အခြေစိုက် ခလရ (၅၀)တပ်တွင်းသို့ ဝင်ရောက် တပ်စွဲနေပြီဟု ၎င်းဆိုသည်။

ပိတ်ပင်တားမြစ်ချက်ကို ချိုးဖောက်ပါက တား မြစ်ကုန်ပစ္စည်းများအား အရေးယူသိမ်းဆည်းသွားမည်ဖြစ်ကြောင်း သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စက်သုံးဆီဆိုင်မှာ တန်းစီနေကြစဉ်ကြားဖြတ်ဝင်လာတဲ့ကားက ဝန်ထမ်းကိုတိုက်ပြီး မောင်းပြေးသွားလို့ ဝန်ထမ်း ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီးဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပအိုဝ်းဒေသဆီဆိုင်မြိုနယ်နောင်ဗိုကျေးရွာကိုစစ်ကောင်စီလက်အောက်ခံ PNO/PNAပြည်သူ့စစ်က မီးရှို့ခဲ့၍ အိမ်ခြေ ၂၀ထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူခွန်ရိန်းယံက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ယခု ဩဂုတ်ပထမပတ်တွင် ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။