Connect with us

Hi, what are you looking for?

သတင်း

အရပ်သားဟန်ဆောင်၍ သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို KNDF ဖမ်းဆီး

၎င်းကို ယမန်နေ့(သြဂုတ် ၂၇ရက်)က KNDFတပ်ရင်း(၂)တပ်ခွဲ – ၂၊1008 တပ်ရင်း၊LKPDFတို့မှ ပူး ပေါင်းကာ နယ်မြေရှင်းလင်းစဥ် ဖမ်းဆီးမိခဲ့ခြင်းလည်းဖြစ်သည်။

(ဖမ်းဆီးထား​​သော စစ်သုံ့ပန်းကိုKNDF တပ်ဖွဲ့ဝင်များကမုန့်​ကျွေး​နေစဥ်။ ။ဓာတ်ပုံ - KNDF)
(ဖမ်းဆီးထား​​သော စစ်သုံ့ပန်းကိုKNDF တပ်ဖွဲ့ဝင်များကမုန့်​ကျွေး​နေစဥ်။ ။ဓာတ်ပုံ - KNDF)

အရပ်သားဟန်ဆောင်၍ သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၂ က ယနေ့(သြဂုတ် ၂၈ ရက်) ထုတ်ပြန်သည်။

လွိုင်ကော်စစ်ဒေသအခြေစိုက် KNDF တပ်ရင်း -၂ ၏ လှုပ်ရှားရာနယ်မြေအား လာရောက်သတင်းထောက်သောစစ်ကောင်စီတပ်သားမှာ တပ်မ (၆၆)လက်အောက်ခံ ခလရ(၁) မှ ဖြစ်သည်။

Public Service Announcement
Public Service Announcement

၎င်းကို ယမန်နေ့(သြဂုတ် ၂၇ရက်)က KNDFတပ်ရင်း(၂)တပ်ခွဲ – ၂၊1008 တပ်ရင်း၊LKPDFတို့မှ ပူး ပေါင်းကာ နယ်မြေရှင်းလင်းစဥ် ဖမ်းဆီးမိခဲ့ခြင်းလည်းဖြစ်သည်။

ကောင်းကောင်းမွန်မွန် ဖမ်းဆီးမေးမြန်းရာဝန်ခံသဖြင့် ပြစ်မှုထင်ရှားသောကြောင့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ KSPထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း KNDF တပ်ရင်း (၂) က ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် နေ့စဥ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများတိုးချဲ့လာနေကြောင်း KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။