Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် သိန္နီမြို့အနီးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

“တိုက်ပွဲကပြင်းထန်တယ်။ ကားတွေ ပိတ်ဆို့သွားတယ်။ဒီရက်ထဲ တိုက်ပွဲတွေဆက်လာနိုင်တာမို့ သတိဝိရိယနဲ့ သွားလာကြဖို့ လိုတယ်”ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - AFP/GETTY IMAGES
မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ရဲဘော်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - AFP/GETTY IMAGES

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အနီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ် ယနေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

သိန္နီမြို့မှ ကွတ်ခိုင်မြို့ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေခြင်း​​ ဖြစ်သည်။

“တိုက်ပွဲကပြင်းထန်တယ်။ ကားတွေ ပိတ်ဆို့သွားတယ်။ဒီရက်ထဲ တိုက်ပွဲတွေဆက်လာနိုင်တာမို့ သတိဝိရိယနဲ့ သွားလာကြဖို့ လိုတယ်”ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲသည် ယနေ့(စက်တင်ဘာလ ၄ရက်) နေ့လယ် ၁နာရီခန့်တွင် စတင်ဖြစ်ပွားပြီး ညနေ ၃နာရီခန့်တွင် ရပ်တန့်နေသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” သေနတ်သံတွေ ရပ်သွားလို့ ကားတွေ ​ဖြတ်နေကြတယ်။ အဆခြအနေကတော့ မှန်းဆဖို့ခက်ပါတယ်”ဟု ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ပွဲ​ဖြစ်ပွားစဥ် စစ်ကောင်စီဘက်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားသုံးဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကိုပါ ဦးတည်တိုက်ခိုက်လာနိုင်၍ သတိပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် ကိုးကန့်လွတ်မြောက်ရေးတပ်မတော်(MNDAA)တို့ ပါဝင်သည်။ KIA အခြေစိုက်သည့် ကချင်ပြည်နယ်နှင့် AA အခြေစိုက်သော ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook