Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲမြို့နယ်တွင် တိုက်ပွဲမရှိချိန် ပြည်သူ့ကာကွယ် ရေးရဲဘော်များက လမ်းများကို ပြုပြင်ပေး

ပြည်သူများနဲ့အတူ မိုးတွင်းကာလ ဗွက်ထနေသည့် လမ်းများကို ပြုပြင်နေသည်ဟု ဓာတ်ပုံမှတ် တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

(ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများလမ်းပြုပြင်နေစဥ်၊ဓာတ်ပုံ - ပုလဲ-ပကဖ)
(ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများလမ်းပြုပြင်နေစဥ်၊ဓာတ်ပုံ - ပုလဲ-ပကဖ)

စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲမရှိချိန်တွင် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒေသခံများနှင့်အတူ ဒေသတွင်း အများပြည်သူ အသုံးပြုသည့် လမ်းများကို ပြုပြင်ပေးနေကြသည်။

ပုလဲမြို့နယ် နေရာအချို့ရှိ ပျက်စီးနေသော လမ်းများကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၂) ပုလဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၆) တပ်ခွဲ (၁) ရဲဘော်များ၊ဒေသကာကွယ်ရေးပြည်သူ့ရဲဘော်များနှင့် ဒေသခံများက လမ်းများကို ပြင်ဆင်ပေးနေခြင်းဖြစ်သည်။

ပုလဲမြို့နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ယင်းကဲ့သို့ ပြင်ဆင်နေခြင်းဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(စက်တင်ဘာ ၆ရက်) ထုတ်ပြန်သည်။

ပြည်သူများနဲ့အတူ မိုးတွင်းကာလ ဗွက်ထနေသည့် လမ်းများကို ပြုပြင်နေသည်ဟု ဓာတ်ပုံမှတ် တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ သတိထားနေရတာ လေကြောင်းတစ်ခုပဲ ရှိတယ်။ မြေပြင်တိုက်ပွဲတွေမှာ အသာစီးရသလို ကျန်းမာရေး၊ပညာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုရထားပါပြီ” ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလဲမြို့အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အာအာဏာရှင် တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ စစ်ကောင်စီအား တိုက်ခိုက် နေသလို တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။