Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တွင် တိုက်ပွဲမရှိချိန် ပြည်သူ့ကာကွယ် ရေးရဲဘော်များက လမ်းများကို ပြုပြင်ပေး

ပြည်သူများနဲ့အတူ မိုးတွင်းကာလ ဗွက်ထနေသည့် လမ်းများကို ပြုပြင်နေသည်ဟု ဓာတ်ပုံမှတ် တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

(ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများလမ်းပြုပြင်နေစဥ်၊ဓာတ်ပုံ - ပုလဲ-ပကဖ)
(ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများလမ်းပြုပြင်နေစဥ်၊ဓာတ်ပုံ - ပုလဲ-ပကဖ)

စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ပွဲမရှိချိန်တွင် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒေသခံများနှင့်အတူ ဒေသတွင်း အများပြည်သူ အသုံးပြုသည့် လမ်းများကို ပြုပြင်ပေးနေကြသည်။

ပုလဲမြို့နယ် နေရာအချို့ရှိ ပျက်စီးနေသော လမ်းများကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၂) ပုလဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၆) တပ်ခွဲ (၁) ရဲဘော်များ၊ဒေသကာကွယ်ရေးပြည်သူ့ရဲဘော်များနှင့် ဒေသခံများက လမ်းများကို ပြင်ဆင်ပေးနေခြင်းဖြစ်သည်။

ပုလဲမြို့နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ယင်းကဲ့သို့ ပြင်ဆင်နေခြင်းဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(စက်တင်ဘာ ၆ရက်) ထုတ်ပြန်သည်။

ပြည်သူများနဲ့အတူ မိုးတွင်းကာလ ဗွက်ထနေသည့် လမ်းများကို ပြုပြင်နေသည်ဟု ဓာတ်ပုံမှတ် တမ်းများနှင့်အတူ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ သတိထားနေရတာ လေကြောင်းတစ်ခုပဲ ရှိတယ်။ မြေပြင်တိုက်ပွဲတွေမှာ အသာစီးရသလို ကျန်းမာရေး၊ပညာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ကျွန်တော်တို့ နယ်မြေစိုးမိုးမှုရထားပါပြီ” ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလဲမြို့အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အာအာဏာရှင် တော်လှန်ရေးအားကောင်းသည့် ဒေသများ၌ စစ်ကောင်စီအား တိုက်ခိုက် နေသလို တစ်ဖက်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook