Connect with us

Hi, what are you looking for?

သတင်း

တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတွေက ရွာသားခြောက်ဦး၊ နော့ကတိုခီးကတစ်ဦး၊ ကျောက်တောင်ရွာသားတစ်ဦး၊ နို့တလာအောတစ်ဦး စုစုပေါင်းကိုးဦးဖြစ်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော
တပ်ပြောင်းချိန်မှာ စစ်တပ်က အရပ်သားတွေကိုလူသားဒိုင်းအဖြစ်သုံးခဲ့တယ်လို့ KNU ပြော

ဘီးလင်းမြို့နယ် တပ်မဟာ(၁)နယ်မြေထဲမှာ နေရာလဲလှယ်တပ်ပြောင်းတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်အသုံးပြုခေါ်ဆောင်သွားတယ်လို့ ကေအဲန်ယူကပြောပါတယ်။

ကေအဲန်ယူ-ဒူးသထူခရိုင် ဘီးလင်းမြို့နယ် လေးကေစစ်ကောင်စီစခန်းကို နေရာလဲလှယ်တပ်ချိန်းသွားတဲ့ စစ်ကောင်စီ ခမရ(၄၀၁) ခမရ(၄၁၀) ပူးပေါင်းတပ်ဖွဲ့ဟာ ဝင်းတာပန်စခန်းကို အပြန်လမ်းမှာ ဒေသခံအရပ်သားကိုးဦးကို အဓမ္မဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်က ခေါ်ဆောင်သွားသူတွေကတော့ ကားမဲကျေးရွာနဲ့ တာပေါခီးကျေးရွာတွေက ရွာသားခြောက်ဦး၊ နော့ကတိုခီးကတစ်ဦး၊ ကျောက်တောင်ရွာသားတစ်ဦး၊ နို့တလာအောတစ်ဦး စုစုပေါင်းကိုးဦးဖြစ်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

စက်တင်ဘာလခြောက်ရက်နေ့က ကားမဲရွာနဲ့ တာပေါခီးရွာသားခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် နော့ကတိုခီး၊ ကျောက်တောင်နဲ့ နို့တလာအော ရွာသားသုံးဦးကိုမူ ပြန်လွှတ်ပေးခြင်းမရှိသေးပဲ စက်တင်ဘာလခုနှစ်ရက်နေ့ ညနေ(၇)နာရီခန့်က ပိန္နဲတော စစ်ကောင်စီစခန်းကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း ကေအဲန်ယူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သြဂုတ်လ(၃၀)ရက်နေ့က လေးကေစခန်းကို တပ်ချိန်းဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နယ်မြေခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၊ ကရင့်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ မဟာမိတ်တော်လှန်ရေးအင်အားစုတွေအကြား ထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီဖက်ဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook