Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်တွင် KIAနှင့် စစ်ကောင်စီ သုံးရက်ဆက်တိုက်ပွဲဖြစ်

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရများ၍ ဆွမ်လုံရွာ ရွာလူကြီးကို စစ်ကောင်စီတပ်က ခေါ်ယူပြီး ရွာအတွင်း KIAများရှိ၍ ကျေးရွာ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်းကြားသိရသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

(KIA တပ်သားတစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - အေအက်ပီ)
(KIA တပ်သားတစ်ဦးအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - အေအက်ပီ)

တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က ဆွမ်လုံရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟု KIAက အသိပေးသည်။

KIA တပ်မဟာ(၆)၊ တပ်ရင်း(၉)နယ်မြေ ခိုမုန်းရွာနှင့် ဆွမ်လုံရွာကြား၌ စက်တင်ဘာ ၈ရက် နံနက်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ KIAကကြားဖြတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ညနေပိုင်း၌ သတင်းဖော်ပြသည်။ အဆိုပါဒေသ၌ စက်တင်ဘာ ၆ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

“တစ်နေကုန် တစ်နေကုန်ပဲ။ နမ့်ဖက်ကာအကျော် ခိုမုန်းရွာ နားဖိုင်တောင်တန်းမှာ ဖြစ်နေကြတာ။ တစ်နေကုန်ကို ဒီက ပစ်ကူပေးတာ အလုံးငါးဆယ်တောင် မကဘူး လက်နက်ကြီးက။ ပထမနေ့က ရဟတ်ယာဉ် နှစ်စီး၊ နောက်နေ့ကျတော့ ရဟတ်ယာဉ်တစ်စီး ဖိုက်တာဂျက်တစ်စီး နှစ်ရက်ဆက်တိုက်။ မနေ့ညတုန်းကလည်း ပစ်တုန်းပဲ။ ဒီနေ့လည်း ပစ်နေတုန်းပဲ။ ဒီနေ့ကတော့ သိပ်မစိပ်တော့ဘူး”ဟု ရှမ်းမြောက်ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရများ၍ ဆွမ်လုံရွာ ရွာလူကြီးကို စစ်ကောင်စီတပ်က ခေါ်ယူပြီး ရွာအတွင်း KIAများရှိ၍ ကျေးရွာ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်းကြားသိရသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာမှ အင်အား ၂၀၀ခန့်ရှိ စစ်ကြောင်းသည် KIA တပ်ရင်း (၉) နယ်မြေသို့ ဝင်ရောက်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။