Connect with us

Hi, what are you looking for?

သတင်း

မထောရွာသားတစ်ဦးက BGFထံမှ လက်နက်သုံးလက်နှင့် ကျည်များယူလာပြီး KNU တပ်မဟာ(၅)ထံအပ်နှံ

စောမီးလေးသည် သူသည် ကိုယ်အင်္ဂါ မပြည့်၀သောသူဖြစ်သော်လည်း ၎င်း၏မျိုးချစ်စိတ်နှင့် အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်မှု ကြောင့် တပ်မဟာ(၅) တာဝန်ရှိသူများကလည်း ဆုငွေအဖြစ် ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU-Mutraw News
ဓာတ်ပုံ - KNU-Mutraw News

သားနှစ်ဦး BGFမှ နှုတ်ထွက်ရန်ခေါ်မရ၍ လက်နက်များယူလာခြင်းဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် အတွင်းရှိ မထောရွာသားတစ်ဦးသည် စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ထံမှ လက်နက်သုံးလက်နှင့် ကျည်များ ယူလာပြီး KNU တပ်မဟာ(၅)ထံ အပ်နှံခဲ့ကြောင်း တပ်မဟာ(၅)က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။

သတင်းရင်းမြစ်တစ်ဦး၏ ဘာသာပြန်ပြောကြားချက်အရ မထောရွာသား စောမီးလေး ဆိုသူသည် BGF တပ်ဖွဲ့၏ စည်းရုံးမှုကြောင့် သားဖြစ်သူ နှစ်ဦး BGF တပ်သို့ ဝင်ရောက်သွားခဲ့ကြောင်း၊ အဆိုပါ သားနှစ်ဦးကို သွားရောက်ခေါ်ဆောင်ရာ သားနှစ်ဦးသည် ပြန်မလိုက်လာ၍ BGF ဆီက လက်နက်သုံးလက် ယူဆောင်လာခဲ့ခြင်းကြောင်း ရှင်းပြသည်။

ဓာတ်ပုံ - KNU-Mutraw News
ဓာတ်ပုံ – KNU-Mutraw News

စောမီးလေး ယူလာသောလက်နက်များမှာ AR တစ်လက်၊ ကျဉ်ကပ်တချပ်၊ ကျည် ၃၀တောင့်၊G-3 တစ်လက်၊ ကျဉ်ကပ် ၂ ချပ်၊ ကျည် ၁၁၃ တောင့်၊ Carbine တစ်လက်၊ ကျည်ကပ်တချပ်၊ ကျဉ်တောင့် ၁၅ တောင့်တို့ ဖြစ်ပြီး KNU တပ်မဟာ(၅) တာဝန်ရှိသူထံ အပ်နှံခဲ့သည်ဟုဆိုသည်။

စောမီးလေးသည် သူသည် ကိုယ်အင်္ဂါ မပြည့်၀သောသူဖြစ်သော်လည်း ၎င်း၏မျိုးချစ်စိတ်နှင့် အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်မှု ကြောင့် တပ်မဟာ(၅) တာဝန်ရှိသူများကလည်း ဆုငွေအဖြစ် ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - KNU-Mutraw News
ဓာတ်ပုံ – KNU-Mutraw News

KNU တပ်မဟာ(၅)သည် စစ်ကောင်စီတပ်ကို နေ့စဉ်နီးပါး တိုက်ခိုက်သည့်အဖွဲ့အစည်းဖြစ်ပြီး ၎င်းနယ်မြေအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များစွာဖြင့် အထိနာလျက်ရှိသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ KNU တပ်မဟာ(၅)ထံ အလင်းဝင် ခိုလှုံလာသူ ၇၀ ခန့်ရှိကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။