Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

“စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)

▪️ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှုများရှိနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အင်အား ၁၀၀ကျော်ပါသည့် အကြမ်းဖက်စစ်ကောင် စီအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၈ ရက်)ကစ၍ မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်းထိုးစစ်ဆင်လာသဖြင့် MBPDF ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် အခြားမဟာမိတ်တပ်ပေါင်းစုများက ပူး ပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

“မနေ့က တိုက်ပွဲမှာ ရန်သူ(စစ်ကောင်စီ)ဘက်က အနည်းဆုံး ၂၀ထက်မနည်းသေဆုံးတယ်။ လက်နက်ခဲယမ်းတွေကို နေ့လည် ၂ နာရီ မတိုင်ခင်ကသိမ်းဆည်းရရှိခဲ့တယ်”ဟု MBPDF တာဝန်ရှိသူက ရှင်းပြသည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ – MBPDF)

အထိနာနေသော စစ်ကောင်စီတပ်က (၁၂၀)မမ အပါအဝင် လက်နက်ကြီးအများအပြားဖြင့် ပစ် ခတ်မှုတွင် ရဲဘော်များ အကျအဆုံးမရှိခဲ့ပေ။သို့သော် ဒေသခံများ၏ နေအိမ်များနှင့် ပြည်သူများထိခိုက်မှုရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းတွင် ကရင်နီဒေသအတွင်း၌ လွိုင်ကော်မြို့ အရှေ့ဘက် အခြမ်းနှင့် မိုးဗြဲဒေသအတွင်း တိုက်ပွဲများပြင်းထန်နေသည်ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်က လူထုနွေဦးသို့ အတည်ပြုသည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ – MBPDF)

“မိုးဗြဲဘက်က မနက်အစောကတည်းက ရှယ်ကြမ်းနေတာ။လွိုင်ကော်အရှေ့ဘက် မှာလည်း တိုက်ပွဲဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ – MBPDF)

ယမန်နေ့ မိုးဗြဲတိုက်ပွဲအတွင်းမှ MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ၆၇,၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့သည်။

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ