Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

“စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)

▪️ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှုများရှိနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အင်အား ၁၀၀ကျော်ပါသည့် အကြမ်းဖက်စစ်ကောင် စီအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၈ ရက်)ကစ၍ မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်းထိုးစစ်ဆင်လာသဖြင့် MBPDF ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် အခြားမဟာမိတ်တပ်ပေါင်းစုများက ပူး ပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

“မနေ့က တိုက်ပွဲမှာ ရန်သူ(စစ်ကောင်စီ)ဘက်က အနည်းဆုံး ၂၀ထက်မနည်းသေဆုံးတယ်။ လက်နက်ခဲယမ်းတွေကို နေ့လည် ၂ နာရီ မတိုင်ခင်ကသိမ်းဆည်းရရှိခဲ့တယ်”ဟု MBPDF တာဝန်ရှိသူက ရှင်းပြသည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ – MBPDF)

အထိနာနေသော စစ်ကောင်စီတပ်က (၁၂၀)မမ အပါအဝင် လက်နက်ကြီးအများအပြားဖြင့် ပစ် ခတ်မှုတွင် ရဲဘော်များ အကျအဆုံးမရှိခဲ့ပေ။သို့သော် ဒေသခံများ၏ နေအိမ်များနှင့် ပြည်သူများထိခိုက်မှုရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီကနေ ဖမ်းဆီးပြီး နှိပ်စက်သတ် ဖြတ်ခံခဲ့ရတဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။

ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းတွင် ကရင်နီဒေသအတွင်း၌ လွိုင်ကော်မြို့ အရှေ့ဘက် အခြမ်းနှင့် မိုးဗြဲဒေသအတွင်း တိုက်ပွဲများပြင်းထန်နေသည်ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်က လူထုနွေဦးသို့ အတည်ပြုသည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ – MBPDF)

“မိုးဗြဲဘက်က မနက်အစောကတည်းက ရှယ်ကြမ်းနေတာ။လွိုင်ကော်အရှေ့ဘက် မှာလည်း တိုက်ပွဲဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ - MBPDF)
(ယမန်နေ့တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ – MBPDF)

ယမန်နေ့ မိုးဗြဲတိုက်ပွဲအတွင်းမှ MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypetဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ၆၇,၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့သည်။

ကရင်နီဒေသတွင် စစ်ရေးအရ အရေးပါသည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင် စီက ယခုနှစ်ဇူလိုင်လအတွင်း အင်အားရာ​ပေါင်းများစွာစစ်​ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သော် လည်း သေဆုံးမှုများစွာ ဖြင့်ပင် ဆုတ်ခွာခဲ့ရပြီးနောက် ယခုတစ်ကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။