Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ် ရေလယ်ကျွန်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြန်ဖြစ်

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။

ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်
ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်

စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးအပါအဝင် သေဆုံးသူများဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြားကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက အသိပေးထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းက မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက အသိပေးသည်။

ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်
ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ ကလေးတစ်ဦး ခေါင်းထိမှန်ပြီး အမျိုးသမီးတစ်ဦးလည်း ခြေထောက်ထိမှန်ခဲ့ကြောင်း၊ခေါင်းထိ ကလေးငယ်မှာ စိုးရိမ်ရသည့်အခြေအနေဟု ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူက “မနက် ၅ နာရီလောက် စက်လှေနဲ့ ဝင်လာတာ ကျနော်တို့ ဘက်က စပစ်ပါတယ်။ လက်နက်အင်အားမမျှလို့ ဆုတ်ပေးခဲ့ရပါတယ်။ မြစ်အရှေ့ဘက် ရှင်လှကျေးရွာဘက်ကနေ စက်လှေနဲ့ကူးပြီး နာရေးကား ၃စီးနဲ့ တင်သွားတာ ပြည်သူတွေ သေချာကြည့်မြင်ရပါတယ်။သတင်းသေချာခိုင်လုံပါတယ်။ ဗိုလ်ကြီးတစ်ဦး လဲသေချာတယ်ဗျ။ အဖမ်းခံရတဲ့ သူလွတ်လာပြီးဗိုလ်ကြီးအမြန်ပို့ ထိပြီလို့ ပြောတာမြင်လိုက်တဲ့ မျက်မြင်ရှိပါတယ်။”ဟု ပြောသည်။

ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်
ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်

အဆိုပါ ရေလယ်ကျွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၁ရက်အထိ စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ငါးရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းမြို့နယ် စဉ့်ကိုင်(တောင်)ရွာရှိ ဆရာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ငါးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။