Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ် ရေလယ်ကျွန်း၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြန်ဖြစ်

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။

ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်
ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်

စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးအပါအဝင် သေဆုံးသူများဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြားကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက အသိပေးထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းက မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက အသိပေးသည်။

ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်
ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ ကလေးတစ်ဦး ခေါင်းထိမှန်ပြီး အမျိုးသမီးတစ်ဦးလည်း ခြေထောက်ထိမှန်ခဲ့ကြောင်း၊ခေါင်းထိ ကလေးငယ်မှာ စိုးရိမ်ရသည့်အခြေအနေဟု ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ဆိုသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးကြောင်း ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုက ပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဗိုလ်ကောင်းကင်တော်လှန်ရေးအင်အားစုအဖွဲ့ တာဝန်ရှိသူက “မနက် ၅ နာရီလောက် စက်လှေနဲ့ ဝင်လာတာ ကျနော်တို့ ဘက်က စပစ်ပါတယ်။ လက်နက်အင်အားမမျှလို့ ဆုတ်ပေးခဲ့ရပါတယ်။ မြစ်အရှေ့ဘက် ရှင်လှကျေးရွာဘက်ကနေ စက်လှေနဲ့ကူးပြီး နာရေးကား ၃စီးနဲ့ တင်သွားတာ ပြည်သူတွေ သေချာကြည့်မြင်ရပါတယ်။သတင်းသေချာခိုင်လုံပါတယ်။ ဗိုလ်ကြီးတစ်ဦး လဲသေချာတယ်ဗျ။ အဖမ်းခံရတဲ့ သူလွတ်လာပြီးဗိုလ်ကြီးအမြန်ပို့ ထိပြီလို့ ပြောတာမြင်လိုက်တဲ့ မျက်မြင်ရှိပါတယ်။”ဟု ပြောသည်။

ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်
ခေါင်းထိမှန်ဒဏ်ရာရသွားသော ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-ဗိုလ်ကောင်းကင်

အဆိုပါ ရေလယ်ကျွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၁ရက်အထိ စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ငါးရက်ဆက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြစ်အနောက်ဘက်ခြမ်း စစ်ကိုင်းမြို့နယ် စဉ့်ကိုင်(တောင်)ရွာရှိ ဆရာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ငါးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။