Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေ၊ လက်နက်ခဲယမ်းများရရှိမှု KNDF ထုတ်ပြန်

မိုးဗြဲမြို့တိုက်ပွဲမှာ စက်တင်ဘာ ၈ရက် (ယမန်နေ့)နံနက် ၈နာရီခန့်ကစတင်ခဲ့ပြီး ဝါရီဆူးပလိုင်ဘက်မှ မိုးဗြဲမြို့ဘက်သို့ အင်အား ၁၀၀နီးပါးဖြင့် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူ ၃၀ကျော်ရှိပြီး အထိနာသောကြောင့် ညနေ ၃နာရီတွင် လေကြောင်းအသုံးပြု၍ နာရီဝက်ကြာ ဗုံးကြဲခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၉ ရက်)နံနက် ၆ နာရီ ၄၅ မိနစ်ခန့်ကစ၍ မိုးဗြဲမြို့ ပွဲကုန်း (၃)ရပ်ကွက်ရှိ ဘုရားကျောင်းဝန်းအတွင်း တပ်စွဲနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ အမြှောက်များ အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

ထို့နောက် တိုက်ပွဲများအတွင်း အထိနာသောကြောင့် ညနေ ၃နာရီတွင် လေကြောင်းအသုံး ပြု၍ တိုက်လေယာဥ် (၂)စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများ ၊အမြှောက်များအား အလွန်အကျွံအသုံးပြု၍ အရပ်သားများနေထိုင်ရာ ရပ်ကွက်များအတွင်းထိ ပစ်ခက်တိုက်ခိုက်ခဲ့သလို ထိတွေ့မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများပြားနိုင်ပြီး မိမိတို့ပူးပေါင်းတပ်များဘက်မှ မစိုးရိမ်ရဒဏ်ရာရရှိသူ အနည်းငယ်သာရှိခဲ့ကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့တွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများအနီး ပိတ်မိနေသော အရပ်သားများအား ပူးပေါင်းတပ်များမှ ကယ်ထုတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးများ လုပ်ဆောင်စဥ် စစ်ကောင်စီဘက်မှ ပစ်ခက်သော လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာဖြင့်သေဆုံးနေသော အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိပြီး ထုတ်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် လက်ရှိချိန်ထိ မိုးဗြဲမြို့အတွင်း ထိတွေ့တိုက်ပွဲများ ဆက်၍ဖြစ်နေသလို စစ်ကောင် စီဘက်မှ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ဦးတည်ရာမဲ့ အလွန်အကျွံပစ်ခက်နေသောကြောင့် မိုးဗြဲမြို့အနီးတစ်ဝိုက်သို့ အရပ်ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြ​ရန် KNDF က အထူးမေတ္တာရပ်ခံသည်။

မိုးဗြဲမြို့တိုက်ပွဲမှာ စက်တင်ဘာ ၈ရက် (ယမန်နေ့)နံနက် ၈နာရီခန့်ကစတင်ခဲ့ပြီး ဝါရီဆူးပလိုင်ဘက်မှ မိုးဗြဲမြို့ဘက်သို့ အင်အား ၁၀၀နီးပါးဖြင့် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များကို KNDF B-03 ၊ B-11 ၊ ကရင်နီတပ်မတော်KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF နှင့် URF တို့ပူးပေါင်း၍ တိုက်ခိုက်နေသည်။

ထိတွေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၃၀ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်ခဲ့သည့် MA-1 သေနတ် (၂)လတ် ၊ MA -2 (၃)လတ်၊ MA-3 သေနတ် (၄)လတ် ၊ MG-3 စက်သေနတ် (၁)လတ် နှင့် လက်နက်ကြီးကျည်များ၊ ခဲယမ်းနှင့် အသုံးအဆောင်များအား သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook