Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ် ၍ ဒေသခံပြည်သူနေအိမ်များပျက်စီးဟု မင်းတပ် CDF အသိပေး

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ် CDF)
(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ် CDF)

ချင်းပြည်နယ် မင်းတပ်မြို့ ခွီးရိန်ရွာရှိ ပြည်သူ့နေအိမ် များအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ရက်မှာ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ - မင်းတပ် CDF)
(စက်တင်ဘာ ၁၀ရက်က စစ်ကောင်စီတပ် လက်နက် ကြီးပစ်ခတ်၍ မင်းတပ်မြို့ ခွီးရိန်ရွာရှိ နေအိမ်များ ပျက်စီးနေစဉ်၊ ဓာတ်ပုံ – မင်းတပ် CDF)

ယခင်ကလည်း စစ်ကောင်စီတပ်ဟာ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယခု တစ်ကြိမ်တွင်လည်း ဖျက်အားပြင်း လက်နက်ကြီးများ အပြစ်မဲ့ ပြည်သူလူထု နေအိမ်များနှင့် အနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

” လူစိတ်မရှိတဲ့ အာဏာရှင် အမြစ်ပြုတ်ဖို့အရေးပြည်သူများ အားလုံးဆက်လက်ပြီး အဆုံးထိ ပူးပေါင်းပါ၀င် ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ စကစ အကြမ်းဖက် စစ်တပ်များဟာ တော်လှန်ရေး ကာလကြာမြင့်လေ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးနေအုံးမှာ မို့ အထိအခိုက်များလေ ဖြစ်နအုံးမှာပါပဲ”ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မင်းတပ် မြို့နယ် ချပ်ကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများနှင့် CDF ရဲဘော်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။