Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲ လေးရက်မြောက်နေ့တွင် စစ်ကောင်စီတပ် ၂၀ကျော်သေဟု KNDF ထုတ်ပြန်

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ရက်စ၍ ယနေ့ထိ (၄) ရက်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ရန် ပြည်သူများအား KNDFက တိုက်တွန်းသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

▪️ပူးပါင်းတပ်မှ ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ၊ စစ်ကောင်စီတပ်​၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မိုးဗြဲမြို့တိုက်ပွဲ လေးရက်မြောက်နေ့တွင် စစ်ကောင်စီတပ်သား ၂၀ ကျော်ထပ်မံသေဆုံး ပြီး သေနတ်များနှင့် ကျည်ဆည်ခဲယမ်းများထပ်မံသိမ်းဆည်းရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁၁ ရက်)နံနက် ၇နာရီမှစ၍ မိုးဗြဲမြို့ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄)ရက်တိုင် တပ်စွဲရန်ကြိုးပမ်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်များမှ စစ်ကောင်စီတပ်ဖွဲ့များအား ပိတ်ဆို့ကာ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ ၂၀ကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ရဲဘော် နှစ်ဦးမြင့် မြတ်စွာကျဆုံးခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်သားအချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေ နတ် (၁)လတ် ၊ MA-3 သေနတ် (၂)လက် ၊ RPG သီးများ ၊ (၆၀)မမအသီများ ၊ ဆက်သွယ်ရေး အထိုင်စက် (၁)လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းရခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခင်ရက်ပိုင်းများက တိုက်ပွဲများတွင် လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 – ၄ လက်၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ (၆၀) မမ ၃၃ လုံး၊ RPGအသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် ၂,၀၈၀ ထောင့် သိမ်းဆည်းရရှိထားသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက်စစ် ကောင်စီမှ တစ်နေကုန်နီးပါး လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုပစ်ခက်ခဲ့သလို ညနေပိုင်းတွင်လည်း တိုက်လေယာဥ် ဖြင့် (၂) ကြိမ် လာရောက်ပစ်ခက်ခဲ့ပြီး ပြည်သူလူထု၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်းဖော်ပြသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ရက်စ၍ ယနေ့ထိ (၄) ရက်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲဖြစ်၍ မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ရန် ပြည်သူများအား KNDFက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook