Connect with us

Hi, what are you looking for?

သတင်း

အိမ်ခြေ ၅၀မရှိသည့် ကျေးရွာလေးက ထန်တလန် CDFအတွက် ကျည်ဖိုး ၁၂သိန်းလှူ၊ ရဲဘော်များအတွက် သီးနှံများပေး

ပြည်သူများ၏ပါဝင်မှုက စစ်ကို အမြန်ဆုံးနိုင်ချင်ပြီဆိုသည့် အတွေးဝင်လာရကြောင်း ထန်တလန် CDF တပ်ရင်း(၄)မှ ဆလိုင်း၏ ရေးသားချက်ကို ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Chinland Defense Force-Thantlang
ဓာတ်ပုံ - Chinland Defense Force-Thantlang

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာလေးတစ်ရွာက ချင်းဒေသကာ ကွယ်ရေးတပ်(CDF) ရဲဘော်များအတွက် သီးနှံများပေးအပ်ခဲ့ပြီး ကျည်ဖိုးအဖြစ် ကျပ် ၁၂သိန်း လှူဒါန်းလာကြောင်း ထန်တလန် CDFက အသိပေးသည်။

မြန်မာ – အိန္ဒိယနယ်စပ်ရှိ ရွာလေးတစ်ရွာမှ ဘာသာရေးဆရာတစ်ပါးက ဖိတ်ကြား၍ CDF ရဲဘော်များက သွားရောက်ခဲ့ရာ ရွာသူ၊ရွာသားများက ဘုရားကျောင်းပလ္လင်ရှေ့၌ ကောက်သစ်စသီးနှံများ ပေးလှူခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - Chinland Defense Force-Thantlang
ဓာတ်ပုံ – Chinland Defense Force-Thantlang

“CDF Sunday တဲ့။ CDF Sunday ဆိုတော့ ကျွန်တော်လည်း ပလ္လင်ပေါ်တက်ပြီးစကားအနည်းငယ်ပြောဖြစ်ပါတယ်။ ဘုရားကျောင်းပလ္လင်ရှေ့မှာ ရွာသူရွာသားအားလုံးက ကောက်သစ်စသီးနှံတွေပေးလှူကြတာ။ ဘုရားကျောင်းလည်းပြီးရော ပေးလှူသမျှသီးနှံအားလုံးစခန်းကိုပေးပို့ဖို့စီစဉ်ကြရော။ ပျော်လို့မဆုံး”ဟု ထန်တလန် CDFက ဖော်ပြထားသည်။

“ပေးလှူသမျှသီးနှံအားလုံးစခန်းကိုပေးပို့ဖို့စီစဉ်ကြရော။ ပျော်လို့မဆုံး။ ဘုရားကျောင်း အစီအစဉ်ပြီးတော့ စီစဉ်ထားတဲ့အတိုင်း ရွာထဲမှာတစ်အိမ်တက်တစ်အိမ်ဆင်း ‘တစ်အိမ်ထောင်၊ ကျည်တစ်တောင့်ကမ်ပိန်း’ အတွက် လှည့်ပတ်တာ အိမ်ခြေ ၅၀ တောင်မရှိတဲ့ရွာလေးက ၁၂ သိန်းပေးတာတဲ့။ မျက်ရည်တွေဝဲ”ဟု ထပ်မံအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Chinland Defense Force-Thantlang
ဓာတ်ပုံ – Chinland Defense Force-Thantlang

ပြည်သူများ၏ပါဝင်မှုက စစ်ကို အမြန်ဆုံးနိုင်ချင်ပြီဆိုသည့် အတွေးဝင်လာရကြောင်း ထန်တလန် CDF တပ်ရင်း(၄)မှ ဆလိုင်း၏ ရေးသားချက်ကို ဖော်ပြခဲ့သည်။

“တစ်ချို့က ‘တစ်အိမ်ထောင်၊ကျည်တစ်တောင့်ကမ်ပိန်း’ မှာ မင်းတို့ပစ်တာလွဲမှာစိုးလို့ နောက်တစ်တောင့်အတွက်တဲ့….။ ကျည်ငါးတောင့်စာ (၅၀၀၀၀) ပါဝင်တဲ့သူတွေလည်းရှိပြန်။ ရယ်လည်းရယ်ရ၊ မျက်ရည်လည်းဝဲနေရနဲ့။ ဒါမှပြည်သူ့တော်လှန်ရေးပေါ့။ ပြည်သူချစ်တဲ့ရဲဘော်၊ ပြည်သူကျွေးတဲ့စစ်သား၊ ပြည်သူကပေးလိုက်တဲ့ ကျည်ဆံနဲ့စစ်တိုက်နေရပါလားဆိုပြီး ရဲဘော်တွေနဲ့ကျေနပ်စွာ စခန်းဘက်ကိုဦးတည်လာခဲ့သည်”ဟု ထန်တလန် CDF က ဖော်ပြထားသည်။

ထန်တလန် CDF အနေဖြင့် ချင်းအမျိုးသားတပ်မတော်(CNA) အပါအဝင် ဒေသတွင်းရှိ ချင်းလက်နက်ကိုင်တပ်များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။