မြန်မာစစ်တပ်အပေါ် စစ်ရာဇ၀တ်မှုများနှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုများ စွပ်စွဲချက်များကို အထောက်အပံ့ဖြစ်နိုင်သည့် အချက်အလက်သန်းပေါင်းများစွာကို Facebook က ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးယန္တရားထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အဆိုပါယန္တရား(IIMM)အကြီးအကဲက ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတာ၀န်ပေးအပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) သည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတရားရုံးများ၌ မြန်မာစစ်တပ်ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံတကာရာဇ၀တ်မှုများအတွက် အမှုတည်ဆောက်ရေး ဆက်လက်လုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်။
“ဖေ့စ်ဘွတ်ခ်ဟာ သူတို့ကုမ္ပဏီက ဖြုတ်ချထားတဲ့ နက်၀ပ်ရဲ့အကောင့်တွေဆီကနေ အချက်အလက် သန်းနဲ့ချီပြီး IIMM ကို မျှဝေထားပါတယ်” ဟု IIMM အကြီးအကဲ Nicholas Koumjian က ဂျီနာဗာတွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ မိန့်ခွန်းပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၁၇ က ရိုဟင်ဂျာများကို ဖြိုခွင်းပြီးနောက် အိမ်နီးချင်း ဘဂ်လားဒေ့ရှ်သို့ လူပေါင်း ၇၃၀,၀၀၀ ကျော် အတင်းအကျပ် ထွက်ပြေးစေမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ လူမျိုးသုဥ်းသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်။

Public Service Announcement
ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့်ပတ်သက်၍ တာ၀န်ခံမှုရှိစေရေး နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့မည်ဟု Facebook ကုမ္ပဏီက ပြောကြား ထားသည်။
IIMM သည် ဖေ့စ်ဘွတ်ခ်နှင့် ရင်းမြစ် ၂၀၀ ကျော်မှ အခြားသော အခြားသောသတင်းအချက်အလက်များနှင့်အတူ သက်သေအထောက်အထား၊ လေ့လာဆန်းစစ်မှုဆိုင်ရာ ပက်ကေ့ ၆၇ ခုကို ပြင်ဆင်ထားပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) အပါအဝင် တရားစီရင်ရေးအာဏာပိုင်များကို ပေးပို့မျှဝေသွားမည်ဟု Koumjian က ဆိုသည်။
Ukhia မြို့ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့သည့် (၅)နှစ်မြောက် အထိမ်းအမှတ် “လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့”တွင် ရိုဟင်ဂျာဒုက္ခသည်များ ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ – MUNIR UZ ZAMAN / Getty Images
ကိုးကား – sbs.com.au


















































