Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်အတွင်းအားစိုက်လုပ်ဆောင်မည့် မဟာဗျူဟာကို မဟာမိတ်များနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း NUG အသိပေး

တော်လှန်ရေးအတွက် တစ်ရက်ဆိုသည့် အချိန်သည်လည်း ကြသည်ဟုထင်ရ၍ အချိန်နှင့်တပြေးညီ အလုပ်လုပ်ရင်း နွေဦးတော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

တစ်နှစ်အတွင်းအားစိုက်လုပ်ဆောင်မည့် မဟာဗျူဟာကို မဟာမိတ်များနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း NUG အသိပေး
တစ်နှစ်အတွင်းအားစိုက်လုပ်ဆောင်မည့် မဟာဗျူဟာကို မဟာမိတ်များနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း NUG အသိပေး

စိုးမိုးထိန်းချုပ်နယ်မြေများ၌ တရားစီရင်နိုင်ရေး အမြန်အကောင်အထည်ဖော်ရန် တိုက်တွန်း

စိုးမိုးထိန်းချုပ်နယ်မြေများ၌ တရားစီရင်နိုင်ရေးကိစ္စကို မကြာခဏ ဆွေးနွေးခဲ့ကြပြီးဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်စေချင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

“အခုဆိုရင် ဒီတနှစ်အတွင်း အားစိုက်လုပ်ဆောင်ကြမယ့် One Year Strategy ကိုလည်း cabinet မှာ ဆွေးနွေးကြပြီးပြီဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးကြပြီးပြီဖြစ်တာမို့ ဆက်လက်အားစိုက်လုပ်ဆောင် သွားကြရမယ့်အလုပ်တွေ အများကြီးရှိနေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားသည်။

အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုကော်မတီအနေဖြင့် စီမံဆောင်ရွက်ရမည့် ကိစ္စများအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့ ပေါင်းစပ်လုပ်ဆောင်နိုင်ရေးကိစ္စမှာ အလျင်အမြန် လိုအပ်လာပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးအတွက် တစ်ရက်ဆိုသည့် အချိန်သည်လည်း ကြသည်ဟုထင်ရ၍ အချိန်နှင့်တပြေးညီ အလုပ်လုပ်ရင်း နွေဦးတော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။