Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်နယ် ပဲပြစ်တောရွာကို စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်ရာ PDFများအပါအဝင်ခြောက်ဦးကျဆုံး

ကျဆုံးခဲ့သည့် ခြောက်ဦးတွင် PDF ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦးပါဝင်သည်ဟုဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော CDM စစ်သားနှစ်ဦးအား ဂုဏ်ပြုပွဲနှင့် ကျဆုံးခဲ့သော GM LPDFက ရဲဘော်အောင်နိုင်ဦးအား တွေ့ရစဉ်၊ဓာတ်ပုံ-LPDF)
(စက်တင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော CDM စစ်သားနှစ်ဦးအား ဂုဏ်ပြုပွဲနှင့် ကျဆုံးခဲ့သော GM LPDFက ရဲဘော်အောင်နိုင်ဦးအား တွေ့ရစဉ်၊ဓာတ်ပုံ-LPDF)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပဲပြစ်တောကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့၍ PDF ရဲဘော်များအပါအဝင် ခြောက်ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (စက်တင်ဘာ၁၃ ရက်) နံနက် ၅နာရီခန့်က ဘုတလင်မြို့နယ်၊ ပဲပြစ်တောကျေးရွာကိုမီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ဖျက်ဆီးသွားပြီးနောက် PDFအဖွဲ့ဝင်များက လာရောက်မီးငြှိမ်းသတ်ခဲ့ရာ စစ်ကောင်စီ၏ ကင်းပုန်းများနှင့်တိုးပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ကျဆုံးခဲ့သည့် ခြောက်ဦးတွင် PDF ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦးပါဝင်သည်ဟုဆိုပြီး ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ ပဲပြစ်တောကျေးရွာတွင် စက်တင်ဘာ ၁၀ရက်က CDM ပြုလုပ်လာသော ရဲဘော် နှစ်ဦးအား ကျပ်သိန်း၅၀စီ အခမ်းအနားဖြင့် ဆုချီးမြှင့်ခဲ့ကြောင်း၊ အဆိုပါ သတင်းကို စစ်ကောင်စီက သတင်းရရှိသွား၍ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဘုတလင်နယ်အခြေစိုက် GM LPDFကမူ ယနေ့ဖြစ်စဥ်၌ ကျဆုံးခဲ့သော ၎င်းတိို့အဖွဲ့က ရဲဘော် အောင်နိုင်ဦးအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook