Connect with us

Hi, what are you looking for?

သတင်း

ပန်းပင်ကြီးလမ်း ပစ်ခတ်ဖမ်းဆီးခံရမှုတွင် အလုပ်သမားအဖွဲ့ချုပ်ဝင် ငါးဦးပါဝင်

CTUM အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)
(ယမန်နှစ်က ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ စစ်ကောင်စီက လူငယ်များအား ကားဖြင့်တိုက် အကြမ်းဖက် ဖမ်းဆီးခဲ့စဥ် ၊ပုံအဟောင်း အသုံးပြုထားသည်)

အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာရှုတ်ချ

NUG အစိုးရနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင် ငါးဦးပါဝင်ခဲ့ကြောင်း အဆိုပါ အဖွဲ့ကထုတ်ပြန်သည်။

CTUM အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးခံရသူ ၁၅ဦးအနက် အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင်များဖြစ်သည်ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- BWFM မှ ဦးနေမင်းထွန်း၊ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-IWFM မှ ဒေါ်ဇူးဇူးရာခိုင်နှင့် ဒေါ်ယမင်းကေသွယ်ခိုင်၊ ဦးသန်းဇော် (ယာဉ်မောင်း)တို့ဖြစ်ကြောင်း CTUM ထုတ်ပြန်ချက်က ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စု၏ မတရားသဖြင့် အာဏာရယူမှုကို လက်မခံဘဲ ဆန်ကျင်တိုက်ပွဲဝင်သည့် အဖွဲ့ဝင်များကို ယခုကဲ့သို့သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးနှိပ်စက်ခြင်းအ တွက် အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်”ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(စက်တင်ဘာ ၁၃ ရက်) ညနေ ၄နာရီခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း)တွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ “UN Prove Your Existence For Justice” စာသားကိုကိုင်ဆွဲကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ ပြည်သူ့အစိုးရကိုယ် စားပြုဖြစ် ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် ကုလကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook