Connect with us

Hi, what are you looking for?

သတင်း

ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်

Credentials Committee တွင် တရုတ်၊ အမေရိကန်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ယခုနှစ် ကျန်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှာ အန်ဂိုလာ၊ သြစတြီးယား၊ ရ၀မ်နာ၊ ဥရုဂွေး၊ မော်လ်ဒိုက်ဗ်၊ ဇမ်ဘီယာ တို့ဖြစ်သည်။

(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)
(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)

▪︎မြန်မာကိုယ်စားပြုခွင့်ကို သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ရရှိလိမ့်မည်ဟု NUG ၀န်ကြီးပြော

၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ခဲ့ကြောင်း NUG ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောသည်။

မြန်မာစံတော်ချိန် ယမန်နေ့(စက်တင်ဘာ ၁၃ည)တွင်ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို အစီအစဥ် ၄ ရပ်ပါဝင်ပြီး လာမည့် တစ်နှစ်တာ ကုလသမဂ္ဂအထွေထွေညီလာ ခံကို တက်ရောက်ခွင့်ရရှိရေးအတွက် အဆုံးအဖြတ်ပြုမည့် Credentials Committee အဖွဲ့၀င်နိုင်ငံစာရင်းကို ကြေညာခဲ့သည်။

Credentials Committee တွင် တရုတ်၊ အမေရိကန်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ယခုနှစ် ကျန်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှာ အန်ဂိုလာ၊ သြစတြီးယား၊ ရ၀မ်နာ၊ ဥရုဂွေး၊ မော်လ်ဒိုက်ဗ်၊ ဇမ်ဘီယာ တို့ဖြစ်သည်။

(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)
(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)

ကုလသမဂ္ဂ၏လုပ်ထုံးလုပ်နည်းများအရ အထက်ပါ အဖွဲ့၀င် ၉ နိုင်ငံပါ အရည်အချင်းစစ်ကော်မတီက ကုလသမဂ္ဂကိုယ်စားပြုခွင့်အတွက် အပြိုင်တင်သွင်းလာသော နိုင်ငံများရှိပါက ယင်းနိုင်ငံများအတွက် မည်သူ့အား ကိုယ်စားပြုခွင့်ပေးမည်ကို အဆုံးအဖြတ်ပြုပေးရသည်။ ကော်မတီအဖွဲ့ဝင်နိုင်ငံများအကြား သဘောကွဲလွဲမှုရှိပါက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ကာအတည်ပြုချက်ရယူသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်နှစ်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့်အရပ်သားအစိုးရက ခန့်အပ်သော သံအမတ်ကြီးဦးကျော်မိုးထွန်းသည် တရားမ၀င်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကာ မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ခဲ့သည်။

၇၆ကြိမ်မြောက်အထွေထွေညီလာခံတွင်မြန်မာနိုင်ငံအတွက် တရားမဝင်အာဏာသိမ်းစစ်ကောင်စီကလည်းအပြိုင်လျှောက်ထားမှုရှိခဲ့ရာ အရည်အချင်းစစ်ကော်မတီက မြန်မာနိုင်ငံ၏အပြိုင်လျှောက်ထားမှုကိုတစ်နှစ်ရွှေ့ဆိုင်းခဲ့ကာတည်ဆဲသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးခဲ့သည်။ တနည်းအားဖြင့် ယင်းဆုံးဖြတ်ချက်သည် အာဏာသိမ်း စစ်တပ်၏ ကိုယ်စားပြုခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)
(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)

ယခုနှစ်တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအတွက် အထက်ပါ ၉ နိုင်ငံပါ၀င်သော အရည်အချင်းစစ်ကော်မတီက မည်သို့ဆုံးဖြတ်မည်ကိုလာမည့်လပိုင်းအတွင်းသိရှိရမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စု၀န်ကြီးတစ်ဦးကမူ မြန်မာနိုင်ငံကိုယ်စားပြုအတွက်လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက်ရရှိကာ အဆင်ပြေလိမ့်မည်ဟု မှတ်ချက်ပြုသည်။

မြန်မာပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့နှင့် ကုလသမဂ္ဂကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် SAC-M တို့က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သံ အမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုလက်ခံရန် တိုက်တွန်းတောင်းဆိုထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Facebook