Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်

Credentials Committee တွင် တရုတ်၊ အမေရိကန်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ယခုနှစ် ကျန်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှာ အန်ဂိုလာ၊ သြစတြီးယား၊ ရ၀မ်နာ၊ ဥရုဂွေး၊ မော်လ်ဒိုက်ဗ်၊ ဇမ်ဘီယာ တို့ဖြစ်သည်။

(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)
(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)

▪︎မြန်မာကိုယ်စားပြုခွင့်ကို သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ရရှိလိမ့်မည်ဟု NUG ၀န်ကြီးပြော

၇၇ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲအခမ်းအနားကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတက်ရောက်ခဲ့ကြောင်း NUG ပြည်ထောင်စုဝန်ကြီးတစ်ဦးကပြောသည်။

မြန်မာစံတော်ချိန် ယမန်နေ့(စက်တင်ဘာ ၁၃ည)တွင်ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို အစီအစဥ် ၄ ရပ်ပါဝင်ပြီး လာမည့် တစ်နှစ်တာ ကုလသမဂ္ဂအထွေထွေညီလာ ခံကို တက်ရောက်ခွင့်ရရှိရေးအတွက် အဆုံးအဖြတ်ပြုမည့် Credentials Committee အဖွဲ့၀င်နိုင်ငံစာရင်းကို ကြေညာခဲ့သည်။

Credentials Committee တွင် တရုတ်၊ အမေရိကန်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ယခုနှစ် ကျန်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှာ အန်ဂိုလာ၊ သြစတြီးယား၊ ရ၀မ်နာ၊ ဥရုဂွေး၊ မော်လ်ဒိုက်ဗ်၊ ဇမ်ဘီယာ တို့ဖြစ်သည်။

(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)
(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)

ကုလသမဂ္ဂ၏လုပ်ထုံးလုပ်နည်းများအရ အထက်ပါ အဖွဲ့၀င် ၉ နိုင်ငံပါ အရည်အချင်းစစ်ကော်မတီက ကုလသမဂ္ဂကိုယ်စားပြုခွင့်အတွက် အပြိုင်တင်သွင်းလာသော နိုင်ငံများရှိပါက ယင်းနိုင်ငံများအတွက် မည်သူ့အား ကိုယ်စားပြုခွင့်ပေးမည်ကို အဆုံးအဖြတ်ပြုပေးရသည်။ ကော်မတီအဖွဲ့ဝင်နိုင်ငံများအကြား သဘောကွဲလွဲမှုရှိပါက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ကာအတည်ပြုချက်ရယူသည်။

ပြီးခဲ့သည့်နှစ်တွင် စစ်တပ်အာဏာသိမ်းမှုကြောင့်အရပ်သားအစိုးရက ခန့်အပ်သော သံအမတ်ကြီးဦးကျော်မိုးထွန်းသည် တရားမ၀င်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကာ မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ခဲ့သည်။

၇၆ကြိမ်မြောက်အထွေထွေညီလာခံတွင်မြန်မာနိုင်ငံအတွက် တရားမဝင်အာဏာသိမ်းစစ်ကောင်စီကလည်းအပြိုင်လျှောက်ထားမှုရှိခဲ့ရာ အရည်အချင်းစစ်ကော်မတီက မြန်မာနိုင်ငံ၏အပြိုင်လျှောက်ထားမှုကိုတစ်နှစ်ရွှေ့ဆိုင်းခဲ့ကာတည်ဆဲသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးခဲ့သည်။ တနည်းအားဖြင့် ယင်းဆုံးဖြတ်ချက်သည် အာဏာသိမ်း စစ်တပ်၏ ကိုယ်စားပြုခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)
(ကုလအ​ထွေ​ထွေညီလာခံဖွင့်ပွဲအစည်းအ​ဝေးကျင်းပ​နေစဥ်။ဓါတ်ပုံ-UN)

ယခုနှစ်တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအတွက် အထက်ပါ ၉ နိုင်ငံပါ၀င်သော အရည်အချင်းစစ်ကော်မတီက မည်သို့ဆုံးဖြတ်မည်ကိုလာမည့်လပိုင်းအတွင်းသိရှိရမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စု၀န်ကြီးတစ်ဦးကမူ မြန်မာနိုင်ငံကိုယ်စားပြုအတွက်လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဆက်လက်ရရှိကာ အဆင်ပြေလိမ့်မည်ဟု မှတ်ချက်ပြုသည်။

မြန်မာပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၃၅၈ ဖွဲ့နှင့် ကုလသမဂ္ဂကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် SAC-M တို့က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သံ အမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုလက်ခံရန် တိုက်တွန်းတောင်းဆိုထားကြသည်။

You May Also Like

သတင်း

မနေ့ တနင်္လာနေ့ က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ပြောလိုက်တာပါ။

သတင်း

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်စလှုံ့ဆော်တဲ့ မှတ်ချက်စကားတွေ၊ ကိုရီးယား ကျွန်းဆွယ်တဝိုက်က ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် တောင်းဆိုဖို့ လိုတယ်လို့လည်း ကင်မ်က ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့် ၂ နှစ် (၂၀၂၁ ဖေဖော်ဝါရီ ၂၆)က သံအမတ်ကြီးဦးကျော််မိုးထွန်း၏ ရဲဝံ့သောရပ်တည်ချက်သည် တော်လှန်ရေးသမိုင်းစာမျက်နှာထက်တွင်မော်ကွန်းဝင်နေပြီဖြစ်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေ့စ်ဘုတ်လူမှုကွန်ရက်၌ ရေးသားသည်။