Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုင်းနှစ်တိုင်းမှ PDF များ ပူးပေါင်းတိုက်ခိုက်

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

တိုက်ခိုက်ခဲ့သော PDFရဲဘော်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်တစ်ဦးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MG 6ပြောက်ကျားတပ်ဖွဲ့
တိုက်ခိုက်ခဲ့သော PDFရဲဘော်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်တစ်ဦးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MG 6ပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မန္တလေးတိုင်းနှင့် မကွေးတိုင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း MG 6 ပြောက်ကျားတပ် (မြင်းခြံ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါစစ်ကြောင်းအား ဒေသတွင်းပူးပေါင်းအဖွဲ့များက ဝါဘိုးရွာအထွက် ထန်းတောကျေးရွာကြားတွင် မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း MG6ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

MG 6 ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ဖောက်ထိမှန်ခဲ့ရာ ဆေးကုသမှုအလျင်အမြန်ခံယူခဲ့သဖြင့် အသက်အန္တရာယ်မထိခိုက်နိုင်ဟု ယူဆရကြောင်း MG6ပြောက်ကျား တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ MG6ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “မိုင်းဆွဲပြီး အပြန်လှန်ပစ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က သေနတ်ပစ်ပြီး ​​ေ.ွးတွေ မိုင်းကွင်းထဲဝင်လာအောင်ခေါ်တာဗျ။ သူတို့လည်းသေနတ်သံကြားတဲ့ဘက်ထွက်တော့ မိုင်းကွင်းထဲရောက်လာလာချင်းပဲ ကျွန်တော်တို့ဘက်ကမိုင်းဆွဲတာပါ။ သူတို့မိုင်းထိပြီးဆုတ်ပစ် ပစ်တော့ ကျွန်တော်တို့ရဲဘော်တစ်ယောက်ထိပြီး ကျွန်တော်တို့လည်းဆုတ်ခဲ့ရတာ။ သူတို့ကတော့ ဝါဘိုးရွာထဲ ဆုတ်ပစ် ပစ်ပြီး ပြန်ဝင်သွားတယ်ဗျ။ သူတို့ဘက်ကခြောက်ယောက် မိုင်းထိတယ်လို့ ကင်းထောက်တွေပြန်ပြောလို့သိရတာပါ။ ညတွင်းချင်းပဲ ရေစကြိုဘက်က စက်လှေနဲ့လာတယ် ။ဒဏ်ရာရသူတွေလာခေါ်တယ်လို့ သိရပါတယ်။”ဟု ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား MG 6 ပြောက်ကျားတပ် (မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်း(၅)၊YSO NO1ပြောက်ကျားတပ်နှင့်YLK NEW POWER PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြန်လည်ပြုလုပ်နေပြီး ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။