Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုင်းနှစ်တိုင်းမှ PDF များ ပူးပေါင်းတိုက်ခိုက်

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

တိုက်ခိုက်ခဲ့သော PDFရဲဘော်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်တစ်ဦးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MG 6ပြောက်ကျားတပ်ဖွဲ့
တိုက်ခိုက်ခဲ့သော PDFရဲဘော်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်တစ်ဦးအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MG 6ပြောက်ကျားတပ်ဖွဲ့

မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မန္တလေးတိုင်းနှင့် မကွေးတိုင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း MG 6 ပြောက်ကျားတပ် (မြင်းခြံ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါစစ်ကြောင်းအား ဒေသတွင်းပူးပေါင်းအဖွဲ့များက ဝါဘိုးရွာအထွက် ထန်းတောကျေးရွာကြားတွင် မိုင်းဆွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း MG6ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

MG 6 ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦး ဝမ်းဗိုက်ကျည်ဖောက်ထိမှန်ခဲ့ရာ ဆေးကုသမှုအလျင်အမြန်ခံယူခဲ့သဖြင့် အသက်အန္တရာယ်မထိခိုက်နိုင်ဟု ယူဆရကြောင်း MG6ပြောက်ကျား တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ MG6ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “မိုင်းဆွဲပြီး အပြန်လှန်ပစ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က သေနတ်ပစ်ပြီး ​​ေ.ွးတွေ မိုင်းကွင်းထဲဝင်လာအောင်ခေါ်တာဗျ။ သူတို့လည်းသေနတ်သံကြားတဲ့ဘက်ထွက်တော့ မိုင်းကွင်းထဲရောက်လာလာချင်းပဲ ကျွန်တော်တို့ဘက်ကမိုင်းဆွဲတာပါ။ သူတို့မိုင်းထိပြီးဆုတ်ပစ် ပစ်တော့ ကျွန်တော်တို့ရဲဘော်တစ်ယောက်ထိပြီး ကျွန်တော်တို့လည်းဆုတ်ခဲ့ရတာ။ သူတို့ကတော့ ဝါဘိုးရွာထဲ ဆုတ်ပစ် ပစ်ပြီး ပြန်ဝင်သွားတယ်ဗျ။ သူတို့ဘက်ကခြောက်ယောက် မိုင်းထိတယ်လို့ ကင်းထောက်တွေပြန်ပြောလို့သိရတာပါ။ ညတွင်းချင်းပဲ ရေစကြိုဘက်က စက်လှေနဲ့လာတယ် ။ဒဏ်ရာရသူတွေလာခေါ်တယ်လို့ သိရပါတယ်။”ဟု ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား MG 6 ပြောက်ကျားတပ် (မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်း(၅)၊YSO NO1ပြောက်ကျားတပ်နှင့်YLK NEW POWER PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြန်လည်ပြုလုပ်နေပြီး ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook