ဖမ်းဆီးခံအဖွဲ့ဝင်လေးဦးလုံး အသက်မပြည့်သေးသူများဖြစ်ဟု ထုတ်ပြန်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း အကြမ်းဖက်ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် အခြေခံပညာ ကျောင်းသားလူများအစည်းအရုံး(အကလ-ဗဟို)မှ အဖွဲ့ဝင်လေးဦး ပါဝင်ကြောင်း ယနေ့ (စက်တင်ဘာ ၁၆) အသိပေးထုတ်ပြန်သည်။
စက်တင်ဘာ ၁၃ ရက်က ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် ရေဘဝဲ ပြည်သူ့အကျိုးပြူလူငည်အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သည့် UN Prove Existence For Justice စာသားပါ သပိတ်တိုက်ပွဲသို့ အ.က.လ ဗဟိုမှ သွားရောက်ပူးပေါင်းစဥ် စစ်အုပ်စု၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းခံလိုက်ရသူလေးဦးတွင် ကျောင်းသားသုံးဦးနှင့် ကျောင်းသူတစ်ဦးဖြစ်ပြီး အဆိုပါကျောင်းသူမှာ သတ္တမတန်း ကျောင်းသူတစ်ဦးဖြစ်ကာ လေးဦးလုံးမှာ အသက်မပြည့်သေးသူများဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
“အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများရှိသော်လည်း ကျွန်ုပ်တို့ အ.က.လ ဗဟိုမှ လုံးဝနောက်ဆုတ်သွားမည်မဟုတ်ကြောင်းနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်”ဟု ဖော်ပြသည်။

Public Service Announcement
ကြည့်မြင်တိုင် ပန်းပင်နီးလမ်း သပိတ်တိုက်ပွဲအား စစ်အုပ်စုက ကားဖြင့်တိုက်ဖြိုခွင်းကာ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ရာ သပိတ်တွင်ပါဝင်သည့် လူငယ် ၁၅ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါအကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ၊Myanmar Labour Alliance ၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်းကျောင်းသားများသမဂ္ဂ၊ Owl Community ၊ သတင်းထောက်အချို့အပါအဝင် အမျိုးသမီး၊ အမျိုးသား၊ LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ ပါဝင်သည်။


















































