Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

AA ဒုစစ်ဦးစီးချုပ်က အဆုံးသတ်တိုက်ပွဲချိန်ရောက် ပြီဟု အသိပေး

AA အနေဖြင့် ဩဂုတ်လကုန်ပိုင်းမှ လက်ရှိအချိန် ထိ မောင်တော မြောက်ပိုင်းရှိ အရေးပါသည့် စစ်ကောင်စီတပ်စခန်း ၃ခုနှင့် စခန်းငယ်များကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်သကဲ့သို့ ပလက်၀ ဒေသရှိ တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ပိတ်ဆို့သိမ်းပိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ရက္ခိုင့်တပ်တော်(AA) ဗိုလ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရစဉ်၊ဓာတ်ပုံ - AA
ရက္ခိုင့်တပ်တော်(AA) ဗိုလ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရစဉ်၊ဓာတ်ပုံ - AA

▪️မောင်တောနှင့် ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများအား AAက စစ်ရှိန်မြှင့်တိုက်ခိုက်နေပြီး နယ်မြေ ထိန်းချုပ်မှုတိုးချဲ့နေ

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ အရှိန်မြှင့်လာချိန်တွင် AA စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဆုံးသတ်တိုက်ပွဲချိန်ရောက်ပြီဟု အသိပေးခဲ့သည်။

ရက္ခိုင်ပြည်တည်ဆောက်ရေးနှင့် ရက္ခိတလမ်းစဉ် အကောင်အထည်ဖော်နေမှုတို့နှင့်ပတ်သက်ပြီး ဒေါက်တာ ညိုထွန်းအောင်က ရခိုင်ဘာသာဖြင့် ရေးသားထားသည့် ကဗျာကို စက်တင်ဘာ ၁၆ရက်က ၎င်း၏ Facebook ၌ ဖော်ပြခဲ့ရာ နောက်ဆုံး ပိုဒ်၌ “ အဆုံးသတ်နှင့် အဆုံးအဖြတ် တိုက်ပွဲ ရောက်ရင်ပြောပါဟု ပြောထားဖူးသည့် ညီ၊ ညီမငယ်များအား တိုးတိုးလေး ပြောလိုက်မယ် အခု အဲဒီအချိန်ရောက်ပြီ” ဟု အဓိပ္ပါယ်ရသည့် စာသားကို ရေးသားဖော်ပြခဲ့သည်။

“သူက တခါတလေ အကြောင်းအရာ တစ်ခုကို တည့်မပြောချင်တဲ့ အချိန်မှာ အဲဒီလိုမျိုး ရေးလေ့ရေးထရှိတယ်။ မနေ့က သူ့ရဲ့ Facebook အကောင်မှာ တင်တာ။ ပြောမယ်ဆိုရင် ရခိုင်ပြည်သူလူထုကို အသိပေးတာပဲ” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် AA တို့၏ ဆွေးနွေးမှုများ၊ စစ်ရေးကိစ္စများသည် အတိုင်းအတာ တစ်ခုအထိနားလည်မှုရသွားပြီး ချိတ်ဆက်မှု ရှိနေပြီဟု သိရကြောင်း ၎င်း ရခိုင်ဒေသခံက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်များကလည်း အဆုံးသတ် တိုက်ပွဲဆင်နွှဲမည့်အချိန် ရောက်လာတော့မည်ဟု အသိပေးပြောကြားထားသည်။

Public Service Announcement

Public Service Announcement

” နောက်တစ်ခုက မြောက်ပိုင်းမဟာမိတ်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ၀နဲ့ သဘောတူညီမှုတွေ ပံ့ပိုးကူညီမှုတွေကို AAက အကုန်လုံးကို ရထားပြီလို့ ပြောလို့ရတယ်။ အဲဒါကြောင့် သူတို့က ပြည်သူလူထုကို အတိအလင်း တရားဝင် ထုတ်ဖော်ပြောလိုက်တာလို့ မြင်တယ်။ ဒါက စစ်ရေးကိစ္စနဲ့ နိုင်ငံရေး မဟာရည်မှန်းချက်ဖြစ်တဲ့အတွက် သူက တရားဝင် စတိတ်မန့်တွေနဲ့ မထုတ်ပြန်ဘဲနဲ့ လူထုကို တစ်ဖက်လှည့်နဲ့ အသိပေးတာလို့ ပြောလို့ရတာပေါ့”ဟု ဒေါက်တာ ညိုထွန်းအောင်နှင့် ၀ ခေါင်းဆောင်အချို့ မကြာမီက တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသော သတင်းများနှင့် ချိတ်ဆက်ပြီး ရခိုင်ဒေသခံက သုံးသပ်ပြောဆိုသည်။

AA အနေဖြင့် ဩဂုတ်လကုန်ပိုင်းမှ လက်ရှိအချိန် ထိ မောင်တော မြောက်ပိုင်းရှိ အရေးပါသည့် စစ်ကောင်စီတပ်စခန်း ၃ခုနှင့် စခန်းငယ်များကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်သကဲ့သို့ ပလက်၀ ဒေသရှိ တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ပိတ်ဆို့သိမ်းပိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

” ထူးခြားတာက မနေ့ညက ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားမှာ ရှိတဲ့ မယူတောင်တန်း အရှေ့ဘက်မှာရှိတဲ့ အကြီးဆုံးနယ်ခြားစောင့်တပ်ရင်းကို AAက လာပြီး တိုက်ခိုက်တယ်လို့ ပြောတယ်။ ဒီမနက်အထိ အဲဒီဘက်မှာ လက်နက်ကြီး ပစ်သံတွေ ကြားနေရတယ်။” ဟု ၎င်းက ဆိုသည်။

AA အနေဖြင့် လက်ရှိတွင်လည်း မောင်တောဒေသ၌ နယ်မြေ ထိန်းချုပ်နိုင်မှု ပိုအားကောင်းလာသည်ဟု ဒေသခံက ပြောသည်။

” မောင်တောမြောက်ပိုင်းကို AAက သုံးပုံ ၂ပုံနီးပါးလောက် ထိန်းချုပ်ထားပြီး ကျီးကန်းပြင် ဌာနချုပ်နဲ့ အနီးဆုံးနေရာထိမှာတောင် AAက ရာနဲ့ချီပြီး ကားလမ်းမ မှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်ဆိုတော့ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုဟာ အထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ အဆင့်မဟုတ်ဘဲ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်လာနိုင်တဲ့ အခြေအနေ၊ နောက် ဆုံးအကြီးဆုံး စစ်စခန်းတွေကို အပြီးသတ်ဖယ် ရှား တိုက်ခိုက်ဖို့ အချိန်ရောက်တဲ့အတွက် အဲဒီလိုမျိုး သတိပေးတာလို့ ထင်တယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

မောင်တောမြောက်ပိုင်း၌ AAက သိမ်းထားသည့် စစ်ကောင်စီစခန်းအရေအတွက်မှာ တပ်စခန်းကြီးငယ် ၁၀ခုထက်မနည်းရှိသည်ဟု ဒေသခံက ပြောသည်။

” အခုနောက်ပိုင်းဆိုရင် AAက ဘယ်လောက်အထိလဲဆိုရင် ပလက်ဝကို ကျော်လွန်ပြီးတော့ ချင်းပြည်နဲ့ စစ်ကိုင်းကိုသွားလို့ရတဲ့ ချင်းပြည်ထဲကို အဓိကကားလမ်းဆက်သွယ်လို့ရတဲ့ ဆမီးမှာ ရှိတဲ့ အထိုင်စခန်းကုန်း အချို့ကိုတောင် AAက သိမ်းပိုက်လိုက်ပြီ။ကျွန်တော်မြင်တာတော့ မြောက်ပိုင်း မဟာမိတ်တွေအပြင် ချင်းလက်နက်ကိုင်အဖွဲ့တွေ တခြား စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ AAနဲ့ ချိတ်ဆက်မှုရှိတဲ့အတွက် ပူးပေါင်းလုပ်လို့ အဲဒီလောက်နိုင်နေတယ်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ပလက်ထဲက စခန်း ၅နေရာလောက်ကို စစ်တပ်က လက်လွှတ်ဆုံးရှုံးရတာရှိတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက AAက အရေးပေါ် ကြေညာချက်ထုတ်ပြန်ရာ၌လည်း စစ်ကောင်စီတပ်က အင်အားများစွာ ဖြည့်တင်းပြီး လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲများ နေရာအနှံ့ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်(AA) ဗိုလ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရစဉ်၊ဓာတ်ပုံ – AA

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။