Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် လေကြောင်းမှပစ်ခတ်၍ စာသင် နေသည့် ကလေးငယ်ခြောက်ဦးသေဆုံးသည့်ဖြစ်ရပ်အပေါ် NUG ကန့်ကွက်ရှုတ်ချ

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

▪️ဖမ်းဆီးထားသည့် ကလေးငယ်များနှင့် ၊ ဆရာများအား အန္တရာယ်ကင်းစွာ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆို

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် က စာသင်ကျောင်းကို လေကြောင်းမှပစ်ခတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းကြောင့် စာသင်နေသည့် ကလေးငယ်ခြောက်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ် အပေါ် NUG အစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနှင့် လူ့အခွင့်ရေးဝန်ကြီးဌာနတို့က ကန့်ကွက်ရှုတ်ချကြောင်း ယနေ့(စက်တင်ဘာ ၁၈) ထုတ်ပြန်သည်။

စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများ ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထ စာသင် ကျောင်းတစ်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေသည့် ကလေးသူငယ်ခြောက်ဦး သေဆုံးခဲ့ပြီး ကလေးသူငယ် အများအပြားအပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

လေကြောင်းတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏ မြေပြင်တပ်ဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရခဲ့ကြသည့် ကလေးသူငယ်များအပါအဝင် ကျောင်းတွင်ပိတ်မိနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ ၂၀ဦးခန့်ကို ဖမ်းဆီး၍ ရေဦးမြို့နယ်သို့ ပို့ဆောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

“စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာနများမှ အပြင်းအထန် ရှုတ်ချသည်”ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖမ်းဆီးထားသည့် ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိဘဲ အမြန်ဆုံးပြန်လွှတ်ရန် လိုအပ် သည်ဟု တောင်းဆိုသည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education)ကို ဆိုးရွားစွာချိုးဖောက်ခံရမှု၊ စာ သင်ကျောင်းများကို ရက်စက် ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုဖော် ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း ထောက်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။