Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ယက်ကုန်းရွာတိုက်ခိုက်မှုတွင်ဒဏ်ရာပြင်းထန်သည့် ကလေးငယ် ၁၇ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ ရက်ကြာသည်အထိအဆက်အသွယ်မရသေး၍ မိဘများစိုးရိမ်နေ

စစ်ကောင်စီတပ်သည် ထိုနေ့က ကလေးငယ်များအ​ပြင် ကျေးရွာအတွင်းရှိ အသက် ၁၃ နှစ်မှ ၄၉ နှစ်အရွယ် ရွာသူရွာသား ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

(စာသင်ကျောင်းပစ်ခတ်မှု၌ ပျောက်ဆုံးနေသည့် က​လေးငယ်၁၇ ဦးထဲမှ သမီးငယ်တစ်ဦး)
(စာသင်ကျောင်းပစ်ခတ်မှု၌ ပျောက်ဆုံးနေသည့် က​လေးငယ်၁၇ ဦးထဲမှ သမီးငယ်တစ်ဦး)

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းအား လေကြောင်းပစ်ခတ်ခဲ့မှုကြောင့် ပြင်းထန်ထိခိုက်သွားသည့်ကလေး ၁၇ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သုံးရက်ကြာသည်အထိ အဆက်

အသွယ်မရသေး၍ မိဘများစိတ်သောကရောက်နေကြောင်း ​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့မွန်းလွဲပိုင်းကလက်ယက်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်းစာသင်​ဆောင်ကို စစ်ကောင်စီတပ်က တိုက်​လေယာဥ်​လေးစီးဖြင့်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စာသင်ကြား​နေ​သောကလေးများ ​​သေဆုံးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ကလေးငယ် ၄ ဦး စာသင်ဆောင်အတွင်း သေဆုံးခဲ့ပြီး ရုပ်အလောင်းများကို စစ်ကောင်စီတပ်ကယူဆောင်သွားသည်။ က​လေးငယ် ၅ ဦးမှာ ဒဏ်ရာမပြင်းထန်၍ ထားခဲ့ပြီး ပြင်းထန်ဒဏ်ရာရသည့် ကျန်ကလေးငယ် ၁၇ ဦးကို စစ်ကောင်စီတပ်က ​ရေဦးသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို​နောက်စစ်ကောင်စီတပ်ကစက်တင်ဘာ ၁၇ ရက်နံနက်တွင် ကလေးငယ် ၆ ဦး၏ရုပ်အလောင်းနှင့် ရုပ်မပီပြင်သည့်အလောင်းများအား​ရေဦး သုသာန်တွင် မီးရှို့သင်္ဂြိုလ်သွား၍ သေဆုံးကလေးငယ် ၆ ဦးထက်ပိုများကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။ ​ရေဦးPDF က​စုံစမ်းမှုအရ စက်တင်ဘာ ၁၇ ရက်မနက်တွင် ​ရေဦးသုသာန်တွင်လာမီးရှို့ သင်္ဂြိုလ်သွားသည်မှာ ၇ ဦးဖြစ်​ကြောင်း​ပြောသည်။

“​ွေးတွေက ကလေး ၆ ဦးသင်္ဂြိုလ်ပြီးသွားပြီ။ ကျန်တဲ့ဟာက အလောင်းမပီပြင်ဘူးဆိုတော့ ဘယ်လိုမှမသိရဘူး။ မပီပြင်တဲ့အလောင်းတွေက ၃ ဦးလို့လည်းပြောနေကြတယ်။ ၆ ဦးအထက်ကတော့ သေချာသွားပြီ။”ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၇ ရက်သဂြိုလ်သွားသည့် ရုပ်အလောင်းမှာ ၇ ​လောင်းဖြစ်ပြီး ဖုန်းတေဇဆိုသော ကလေးငယ်တစ်ဦး၏ မျက်နှာကိုသာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်ဟု ဖရဲသီး(စစ်​ကောင်စီတပ်အတွင်းမှသတင်း​ပေး)ကပေးသည့်သတင်းအားကိုးကား၍ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကလည်း​ပြောသည်။

“ကလေးတွေကို ဖြစ်သလိုကို ဆေးကုနေတာလို့ နောက်ဆုံးကြားရတယ်။ ရေဦးကုတင်တစ်ရာဆေးရုံမှာဆိုတာ စစ်ခွေးတွေက မျက်စိလှည့်ထားတာ။ ကလေးတွေတကယ်ရောက်နေတာက ရေဦး တိုင်းရင်းဆေးရုံမှာ။ စုစုပေါင်း ၁၅ယောက်ဟာ ဒဏ်ရာဆိုးဆိုးရွားရွားရထားတယ်လို့ သိရတယ်”ဟု ရေဦးပကဖ ပြန်ကြားရေးတာဝန်ခံက​ပြောသည်။

ထိုအပြင်စက်တင်ဘာ ၁၇ ရက်ည​နေလေးနာရီခန့်တွင်လည်း အသက် ၁၄နှစ်အရွယ် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ရေဦးသုသာန်သို့ စစ်ကောင်စီက လာပို့ကာ မီးသဂြိုလ်သွားသည်ဟု သတင်းရရှိသည်။ ယင်းလူငယ်သည် ရင်ဘတ်တွင် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေ​​ခြင်းဖြစ်သည်ဟုသိ့ရ​ကြောင်း ၎င်းကဆက်​ပြောသည်။

စာသင်ကျောင်း၌ သေဆုံးခဲ့သည့် ကလေးရုပ်အလောင်းများအား မိဘများက သင်္ဂြိုလ်လို၍ တောင်းခဲ့သော်လည်း စစ်ကောင်စီတပ်က မပေးဘဲယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်ကဝါဒဖြန့်ရာတွင် လက်ယက်ကုန်းရွာတွင်​ရောက်​နေ​သောKIA နှင့် PDFကိုတိုက်ခိုက်ရာ ၎င်းတိုက ပြည်သူများကို လူသားတံတိုင်းလုပ်၍ တိုက်ခိုက်မှုတွင် ​ပြည်သူများ​သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ထို​ကြောင့်စစ်​ကောင်စီတပ်က ဒဏ်ရာရသူများကို ​ဆေးကုသ​ပေးရန်​ခေါ်သွားခြင်းဖြစ်သည်ဟု စစ်​ကောင်စီဝါဒဖြန့် မီဒီယာများက​ဖော်ပြထားသည်။

သို့​သော်အမှန်တွင် ထို​နေ့က စစ်​ကောင်စီတပ်က KIA ၊PDF နှင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က က​လေူငယ်များအပါအဝင်​ဒေသခံပြည်သူများကိုပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

“အကုန်လုံး ငိုယိုနေကြတယ်။ ကလေး ၁၇ ဦးဆိုတော့ ကလေးက ကိုယ့်ကလေးကသေတာလားလည်းမသိ သူ့ကလေးက သေတာလားလည်းမသိ၊ ဖြစ်နေကြတယ်။ရွာခံတွေကလည်း ဘယ်သူမှပြန်မကပ်ရဲကြသေးဘူး။ နီးစပ်ရာရွာတွေကအစ ဘယ်သူမှမရှိကြတော့ဘူး။ “ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုအပြင်သေဆုံးသွားသော ကလေးငယ်များ၏မိဘများကိုစစ်​ကောင်စီက ၎င်းတို့ထံလာတွေ့ရန် ခေါ်ယူနေပြီး မသွားရဲကြကြောင်းလည်း ဒေသခံအချို့ကပြောသည်။

” သားဇော သမီး​ဇောနဲ့သွားချင်ပေမယ့်လည်း ဘယ်လိုမှ ယုံကြည်စရာမရှိတဲ့အခါ ဘာဆက်လုပ်ကြရမှာလဲ။ တကယ့် အရူးမီးဝိုင်းခံစားချက်ကြီးပါ”ဟု လက်ယက်ကုန်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

ကလေး၁၇ ဦးနှင့်အတူ ဆရာ၊ဆရာမ၃ဦးပါသွားပြီး ၎င်းတို့အခြေအနေကိုလည်းမသိရသေးကြောင်း၊ ဆရာတစ်ဦးမှာလ​ည်း ရိုက်နှက်နှိပ်စက်ခံထားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ထိခိုက်ဒဏ်ရာရခဲ့သူ ၁၁ နှစ်အရွယ်ကျောင်းသူ၏ ဆွေမျိုးသားချင်းတစ်ဦးက “သတင်းကဘာမှမကြားရသေးဘူး။ အကုန်လုံးလည်း စိတ်သောကရောက်နေတော့ ဘာမှမစုံစမ်းနိုင်ဘူး။ သူများဆက်တဲ့ဖုန်းသာ မျှော်လင့်နေရတာ။ သမီးလေးက ၁၁ နှစ်ပါ။ဘုန်းကြီးစာတက်ရင်း၊ စာနဲ့ဝေးမှာစိုးလို့ ဘုန်းကြီးကျောင်းမှာသင်တာသွားတက်ရင်းဖြစ်တာ။ သူ့မိဘတွေကတော့ ရူးမလိုခံစားနေရတာ။ သူ့သားသမီးမတွေ့တော့ ရူးမလိုဖြစ်သွားပြီ။”ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ထိုနေ့က ကလေးငယ်များအ​ပြင် ကျေးရွာအတွင်းရှိ အသက် ၁၃ နှစ်မှ ၄၉ နှစ်အရွယ် ရွာသူရွာသား ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။