Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားငယ်များစွာ​သေဆုံးဒဏ်ရာရခဲ့​သောစာသင်ကျောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ရာတွင်ကျူးလွန်သည့်စစ်​ကောင်စီအမည်အားဖော်ပြခြင်းမရှိ

ယင်းတိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူ များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်းကိုလည်း အလေးအနက် ပြောကြားလိုသည်ဟု ဆိုသည်။

▪︎စစ်လေယာဥ်၊ ဆိုးရွားစွာတိုက်ခိုက်စသဖြင့်သာ သုံးနှုန်း

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းတစ်ကျောင်းအား စစ်အုပ်စုက လေ ကြောင်းမှပစ်ခတ်တိုက်ခိုက်သည့်အပေါ် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ယူနီဆက်နှင့် Save The Children တို့မှ သဘောထား ထုတ်ပြန်ရာတွင် ကျူး လွန်သည့်အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီ၏အမည်အား ဖော်ပြခြင်းမရှိဘဲ ချန်လှပ်ထားသည်ကို တွေ့ရသည်။

၎င်းအဖွဲ့အစည်းနှစ်ခုက စက်တင်ဘာ ၁၉ ရက် နှင့် စက်တင်ဘာ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် စစ်လေယာဥ်ဖြင့် ဆိုးရွားစွာတိုက် ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၁)ဦးသေဆုံးပြီး (၁၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီး အနည်းဆုံး (၁၅)ဦးပျောက်ဆုံးနေကြောင်း ဖော် ပြသည်။ သို့​သော်စစ်​ကောင်စီတပ်က စစ်​လေယာဥ်ဖြင့် ပစ်ခတ်အကြမ်းဖက်ခဲ့သဖြင့် စစ်​ကောင်စီအ​ပေါ်တိုက်ရိုက်ပြစ်တင်​ဝေဖန်မှုကိုမှု ထိုနှစ်ဖွဲ့စလုံးက မပြုလုပ်​ပေ။

“အကြမ်းဖက် လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန်၊ ကလေးသူငယ်များနှင့် အရပ်သားများအပေါ် အန္တရာယ် မကျရောက်စေရေး အကာအကွယ်ပေးရန် ကျွန်ုပ်တို့ ထပ်မံတောင်းဆိုလိုက်သည်”ဟု Save The Children ၏ထုတ်ပြန်ချက်တွင်ဖော်ပြပြီး မည်သည့်အဖွဲ့အစည်းအား တောင်းဆိုသည်ဆိုခြင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ယင်းတိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူ များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်းကိုလည်း အလေးအနက် ပြောကြားလိုသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့မှ သဘော ထားထုတ်ပြန်ရာတွင်လည်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာနေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်းတိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အနည်း ဆုံး ကလေးငယ် ၁၁ ဦးခန့်သေဆုံးခဲ့သည်ဟုသာ ဖော်ပြပြီး ကျူးလွန်သည့်အဖွဲ့အစည်း၏အမည်အား ချန်လှပ်ထားခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရသော စာသင်ကျောင်းမှ ကျောင်း သား/သူ အနည်းဆုံး ၁၅ ဦးခန့်မှာလည်း ပျောက်ဆုံးနေပြီး ယူနီဆက်အနေဖြင့် ကလေးများအား ဘေး အန္တရာယ် ကင်းစွာဖြင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုပါ သည်ဟု ဖော်ပြထားပြီး မည်သည့်အဖွဲ့အား တောင်းဆိုသည်ဆိုခြင်းကို ဖော်ပြထားခြင်း မရှိပေ။

“ဘယ်သူက ပစ်တာလည်းဆိုတာ သတ္တိရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ၊ အမှန်တရားဘက်က ရပ်တည်ပြီး မရေးရဲဘူးလား? Shame on You UNICEF Myanmar”ဟု ယူနီဆက်မြန်မာ၏ သဘောထားထုတ်ပြန်ချက်အောက်တွင် ပြည်သူတစ်ဦးက မှတ်ချက်ပေးထားသည်။

“ဘယ်သူပစ်တာလဲ မရေးရဲဘူးလား…ကလေးတွေကို save တာလား…ကိုယ့်ကိုယ်ကို save တာလား…ကလေးတွေကို ကာကွယ်ဖို့၊ ကယ်ဆယ်ဖို့ နေနေသာသာ၊ ကလေးတွေအပေါ်ကျူးလွန်တဲ့အပြစ်သားကို နံမည်တောင်ထည့်မရေးရဲဘဲနဲ့များ Save the Children တဲ့…ဘာလဲ တချိန်လုံး ကလေးတွေကို ကာဗာယူခဲ့တာလား”ဟု ပြည်သူတစ်ဦးကSave The Children မြန်မာ ၏ ထုတ်ပြန်ချက်​အောက်တွင်မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။