Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်ကုက္ကဲရဲစခန်းအား PDFနှစ်ဖွဲ့ပေါင်းတိုက်ခိုက်

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

(မြင်းခြံမြို့မရဲစခန်းအား တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြင်းခြံမြို့မရဲစခန်းအား တွေ့ရစဥ်။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာရဲအချို့ ထိခိုက်သေဆုံးနိုင်ကြောင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) ညနေ၆နာရီခန့်က မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းကို နွားထိုးကြီး PDFနှင့်ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲ၃ဦးထိခိုက်သေဆုံးနိုင်ပြီး ၁ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။

“ရခတွေထွက်မပြေးအောင် အချင်းချင်းစကားများပြီး လက်နက်ကြီးကျည်ထွက်တာလို့ ရခ၊စခအသိုင်းအဝိုင်းကြား သတင်းလွှင့်ထားတယ်လို့ သိရတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ရှိသူက “ဒရုန်းနှစ်စင်းနဲ့တိုက်ခိုက်ခဲ့တာပါ။ ကုက္ကဲရဲစခန်းထဲကစစ်သားတွေအထိအခိုက်များတယ်ဗျ။သူတို့ခြင်းခတ်နေတဲ့အချိန်ဖြစ်သွားတာပါ။ အခုအဲဒီရဲစခန်းမှာ ဆီမီးခုံက စခ တွေနေရာယူထားတယ်လို့သိရပါတယ်။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။