Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးငယ်များအား လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အဆိုးဝါးဆုံး များထဲမှ ရင်နာရလွန်းသည့်ဖြစ်စဉ်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမနေသင့်ဟု ၎င်းက ဆိုသည်။

▪️စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များအပေါ် နိုင်ငံတကာက လျစ်လျူရှုမနေသင့်တော့ဟုတိုက်တွန်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာမှ စာသင်နေသည့် ကလေးငယ်များကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက် ခိုက်ခဲ့သည့် ကိစ္စရပ်ကြောင့်များစွာ စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

” အကြမ်းဖက် စစ်ကောင်စီဟာ ဒီတော်လှန်ရေးကာလတစ်လျှောက် အင်မတန်ဆိုးရွားလွန်းတဲ့ အကြမ်း ဖက်သတ်ဖြတ် မှုတွေကို ကျူးလွန်ခဲ့ရာမှာ ဒီတစ်ခေါက်ဖြစ်စဉ်ကတော့ အဆိုးဝါးဆုံး ဖြစ်စဉ်များထဲက ကျွန်တော်တို့ ရင်နာရလွန်းတဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမနေသင့်ဟု ၎င်းက ဆိုသည်။

ကလေးငယ်များအား လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အဆိုးဝါးဆုံး များထဲမှ ရင်နာရလွန်းသည့်ဖြစ်စဉ်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
ကလေးငယ်များအား လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အဆိုးဝါးဆုံး များထဲမှ ရင်နာရလွန်းသည့်ဖြစ်စဉ်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

” ပညာသင်ကြားနေတဲ့ လူမမယ်ကလေးတွေရှိတဲ့ စာသင် ကျောင်းပေါ်ကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်တယ်ဆိုတဲ့လုပ်ရပ်ဟာ လူမဆန်လွန်းတဲ့ ကြမ်း ကြုတ်တဲ့ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်တာမို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာ ကြုံတွေခံစားနေရတဲ့ ဆိုးဝါးလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကလေး သူငယ်တွေ အပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအပေါ် မှာ မျက်စိမှိတ် လျစ်လျူရှုမနေသင့်တော့တဲ့ အချိန်ကိုရောက်နေပါပြီလို့ ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် စစ်ကောင်စီတပ်က မိုးဗြဲမြို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ရှောင်နေသူများ ရှိရာသို့ ကျရောက်ပြီး ကလေးငယ်အပါအဝင် လေးဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

” လူတစ်စုရဲ့ အာဏာမက်မောမှုတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ကျနော်တို့နိုင်ငံရဲ့ ဆိုးဝါးလွန်းတဲ့ကံကြမ္မာ အတွက်၊ အပြစ်မဲ့ အသက်ဆုံးရှုံးသွားရသူတွေအတွက်၊ ပြည်သူတွေ ခါးဆီးခံနေရတဲ့ဒုက္ခပေါင်းများစွာ အတွက်၊ တရားမျှတမှုကို မြတ်နိုးကြတယ်ဆိုတဲ့ ကမ္ဘာကြီးက ဝိုင်းဝန်းပြီး တရားမျှတမှုအတွက် အဖြေ ရှာပေးဖို့လိုနေပြီလို့လည်း အလေးအနက်ပြောကြား လိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

တော်လှန်ရေး၌ ပြည်သူများ ပေးဆပ်ရမှု အင်မတန်များပြား၍ စစ်ကောင်စီတပ်ကို ဖြစ်နိုင်သမျှ ကြိုးစားပြီးအမြန်ဆုံးဖြတ်ချနိုင်ရန် အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

“ဒီတော်လှန်ရေးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းမှုတွေ ပြုလုပ် လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့ ပြည်သူတွေဟာ ပြန်လည်ခုခံကာကွယ်နိုင်မယ့် နည်း လမ်းတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ရွေးချယ်ခဲ့ကြတဲ့အတိုင်း မဆုတ်မနစ် အခက်အခဲတွေကြားက ရှင်သန်နိုင်အောင် ရုန်းကန်ကြရင်း တော်လှန်နေခဲ့ကြပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ကလေးငယ်များအား လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အဆိုးဝါးဆုံး များထဲမှ ရင်နာရလွန်းသည့်ဖြစ်စဉ်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော
ကလေးငယ်များအား လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အဆိုးဝါးဆုံး များထဲမှ ရင်နာရလွန်းသည့်ဖြစ်စဉ်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

မည်သည့် အခွင့်အရေးမှမရှိဘဲ စစ်ကြောရေး၌ ကျဆုံးခဲ့ရသူများ၊ စစ်မိစ္ဆာများကို ချေမှုန်းရင်း တိုက်ပွဲများ၌ ကျဆုံးသွား ရသည့် ရဲဘော်များ၊ အကြောင်းပြချက်မရှိဘဲ လက်နက်ကြီးထိမှန်ခြင်းနှင့် မီးရှို့မှုများကြောင့် သေဆုံးသွား ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြေကွဲရသည်ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

” လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရ မယ့် လူငယ်လေးတွေဟာ တောထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲမှုတွေကို ကြိုးစားတောင့်ခံရင်း ဒီအ ကြမ်းဖက်သမားတွေကို အမြစ်ဖြတ်ဖို့ ကြိုးစားနေကြရတာတွေ၊ အစိုးရဝန်ထမ်းဆိုတဲ့ တည်တည်ငြိမ် ငြိမ် ရာထူးလေးတွေနဲ့ ဘဝတွေကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရင်း ဈေးရောင်းနေရတဲ့ဆရာမတွေ၊ အလုပ်ကြမ်းလုပ်ရင်း ဘဝရပ်တည်နိုင်ရေး ရုန်းကန်နေကြရတဲ့ CDM တွေအကြောင်း မြင်တွေ့ကြား သိရတာလည်း အင်မတန်စိတ်ထိခိုက်ရပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ အချိန်တစ်ရက်၊ တစ် မနက်ဟာ သိပ်အဖိုးတန် လွန်းပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် တော်လှန်ရေးကို ဝိုင်းဝန်းဦးဆောင်နေကြသည့် NUG အပါအဝင် တော်လှန်ရေး ဦးဆောင်အဖွဲ့များအားလုံးကလည်း လက်ရှိ အခြေအနေ ၌ ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ စစ်ကောင်စီကို အမြစ်ဖြုတ်ရန် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

” မတူကွဲပြားမှုတွေ များပြားလွန်းတဲ့ ကျနော်တို့နိုင်ငံမှာ အားလုံး တူဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဒီလောက်ဆိုးဝါးလွန်းတဲ့ အကြမ်းဖက် အာဏာရူးတွေကို အမြစ်ဖြတ်ရ မယ်ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ အားလုံးရဲ့ တူညီတဲ့အချက်တစ်ခု ဖြစ်နေတယ်ဆိုတာကို ခေါင်း ဆောင်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆွေးနွေး ကြတဲ့အခါတိုင်း ဒီသဘောတရားကို နားလည်ခံစားမိကြပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများ အားလုံးအနေဖြင့် လုပ်ဆောင်သင့်သည်များကို အလျင်အမြန် အကောင်အထည်ဖော်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

” ဒီတပတ်မအားလို့ နောက်တပတ်မှ ဒါကိုလုပ်မယ်လို့ မတွေး ပါနဲ့။ တော်လှန်ရေးကာလဆိုတာ တပတ်အတွင်း အများကြီး အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။