Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့တွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်ခဲ့သည့် OperationMomoအဖွဲ့က” ချမ်းမြေ့အောင်စည်က ဂေါင်းကြီးတို့ မြိန်ရဲ့လားဟ။ဂျိမ်းဂျိမ်းဂျိမ်း “ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

(၂၀၂၁ ဖေဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန် ြပင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ ဖေဖော်ဝါရီ၁၂ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား ဖြိုခွင်းရန် ြပင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ယာဥ်တန်းကို ယနေ့ နံနက်ပိုင်းက မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီးထိမှန်ပျက်စီးသွားသည်ဟု ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ – PDF ကလေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်သို့လာရောက်သည့် စစ်ကောင်စီ ယာဥ်နှစ်စီးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် OperationMomoအဖွဲ့က ယနေ့(စက်တင်ဘာလ ၈ရက်)နံနက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“OperationMomoအဖွဲ့က တိုက်ခိုက်တာ။ မနက် ၁၀ နာရီ ၃၅မိနစ်က။ အကြီးပိုင်းအရာရှိတွေပါတယ်။ ကားတစ်စီးကတော့ တည့်တည့်ထိသွားတယ်။ ခြုံတွေကွယ်နေတော့ စခဘယ်လောက်သေလဲ အတိအကျမသိရဘူး” ဟု PDF ကလေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်ခဲ့သည့် OperationMomoအဖွဲ့က” ချမ်းမြေ့အောင်စည်က ဂေါင်းကြီးတို့ မြိန်ရဲ့လားဟ။ဂျိမ်းဂျိမ်းဂျိမ်း “ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မိုင်းပေါက်ကွဲသံမှာ ကျယ်လောင်ပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

OperationMomoအဖွဲ့ဝင်များသည် PDF ကလေးတပ်ဖွဲ့ဝင်ရဲဘော်များဖြစ်ကြပြီး PDF ၏ လုပ်ဆောင်ချက်အောက်တွင် လှုပ်ရှားနေသော မြို့ပြစစ်ဆင်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

” မြို့ပြစစ်ဆင်ရေးဟာထင်သလောက် မလွယ်ပါဘူး။ကျနော်တို့ ပြည်သူ့ အကျိုးအတတ်နိုင်ဆုံးငဲ့ပြီး လှုပ်ဆောင်မှာပါ”ဟု OperationMomoအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။