Connect with us

Hi, what are you looking for?

သတင်း

ကျေးသီးနယ်တွင် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းတိုက်ပွဲဖြစ်၊ SSPP တပ်ကို RCSSက လာရောက်တိုက်ခိုက်ဟု ထုတ်ပြန်

မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ထိခိုက်သေဆုံးမှုမရှိဘဲ RCSSတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ထုတ်ပြန်သည်။

RCSS ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - SSPP Info
RCSS ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - SSPP Info

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် မိုင်းရဲကျေးရွှာအုပ်စု တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPPက သတင်းထုတ်ပြန်သည်။

မိုင်းရဲကျေးရွှာအုပ်စု ပန်ဟိုက်ကျေးရွှာအနီးရှိ နမ့်တောင်းချောင်းကူးတံတားအနီး၌ အခြေချလုပ်ရှားနေသည့် SSPP တပ်ကို RCSS က ယနေ့(စက်တင်ဘာ ၂၁ရက်) နံနက်အစောပိုင်း၌ လာရောက်ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

လဲချား – မိုင်းနောင် ကားလမ်းအရှေ့ဘက်၌ လုပ်ရှားနေသည့် RCSSတပ်ဖွဲ့သည် SSPP လှုပ်ရှားနေသည့် ကားလမ်းအနောက်ဘက်သို့ အင်အား ၂၀ခန့်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

SSPP ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - SSPP Info
SSPP ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ – SSPP Info

မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ထိခိုက်သေဆုံးမှုမရှိဘဲ RCSSတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

SSPPသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်နှင့် ၂၀ရက်က ကလည်း မိုးမိတ်မြို့နယ် ဟွေခမ်းတောင်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီနှင့် SSPPတို့ မိုးမိတ်၌ စစ်ရေးတင်းမာနေချိန် RCSSက SSPPကို လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ရှမ်းလက်နက်ကိုင်တပ်များဖြစ်သည့် SSPP နှင့် RCSSတို့သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်များဖြစ်ပြီး SSPP အနေဖြင့် ၀၊ မိုင်းလား လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာ ၁၉ရက်တွင် ပြောဆိုထားသည်။

SSPP သည် ယခင်ကလည်း စစ်ကောင်စီခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့ဖူးပြီး ယင်းတွေ့ဆုံမှုမတိုင်မီ စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေသည့် သတင်းများ ထုတ်ပြန်ခဲ့ပြီး ယခုလည်း တိုက်ပွဲသတင်းများ၊ စစ်ရေးတင်းမာမှုသတင်းများ ထုတ်ပြန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။