Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးဆောင်ရွက်ချက်များ ပြည်သူလူထုအသက် အိုးအိမ်ကို မထိခိုက်စေရေးသတိထားရန် NUG ကာကွယ်ရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေး အင်အားစုအားလုံး စနစ်တကျနှင့် တစ်လုံး တစ်စည်းတည်းဖြစ်စေရန် ရည်ရွယ်ပြီး PDF ကို ခရိုင်အခြေပြုသည့် တပ်ရင်းတပ်ဖွဲ့များအဖြစ် ထူထောင်လျက်ရှိကြောင်း အသိပေးသည်။

(NUG ကာကွယ်ရေးဝန်ကြီး PDF စခန်းများကို လိုက်လံစစ်ဆေးနေစဥ်)
(NUG ကာကွယ်ရေးဝန်ကြီး PDF စခန်းများကို လိုက်လံစစ်ဆေးနေစဥ်)

▪️အတင်းအကြပ်စစ်ဆေးခြင်း၊ ဆက်ကြေးတောင်းခြင်းအထူးရှောင်ရှားရမည်

▪️LDF များနှင့်ချိတ်ဆက်နိုင်ရေး အထူးအလုပ်အဖွဲ့ဖွဲ့ထား၊ LDF ခေါင်းဆောင်များ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်နှင့် အထူးအလုပ်အဖွဲ့သို့ဆက်သွယ်နိုင်ဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် တရားဝင်ပြည်သူ့ အစိုးရနှင့် တရားဝင် ပြည်သူ့တပ်မတော်ဖြစ်သည့် အားလျော်စွာ တစ်ဘက်က စစ်ကောင်စီ ယန္တရားကို ရှင်းလင်းဖယ်ရှားရင်း တစ်ဘက်ကလည်း နယ်မြေစိုးမိုးနိုင်လာသည်နှင့်အမျှ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတည်ဆောက်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် ပြည်သူ့လုံခြုံရေး အစီအမံများချမှတ် အကောင်အထည်ဖော်ခြင်း၊ ပြည်သူကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေသည့် အခွန်စနစ် ကျင့်သုံးဖော်ဆောင်ရခြင်းများရှိလာမည်ဟု ဝန်ကြီးက အသိပေးသည်။

စက်တင်ဘာ ၂၁ရက်က ထုတ်လွှင့်သည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် PDFရဲဘော်များသို့ ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို ထုတ်လွှင့်ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အထက်ပါအချက်များ အကောင်အထည်ဖော်ရာတွင် စနစ်တကျ ရှိရန်လိုပြီး ပြည်သူကို မျက်နှာမူသည့် ဆောင်ရွက်ချက်များ ဖြစ်ရမည်ဟု ဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“အုပ်ချုပ်ရေးထူထောင်မှုဟာ ပြည်သူကို အပေါ်စီးကတက်ပြီး အုပ်ချုပ်တာမျိုးမဟုတ်ဘဲ ပြည်သူကိုယ်တိုင် ထောက်ခံပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ရမယ်။ စစ်ရေးဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နောက် အကြမ်းဖက်စစ်ကောင်စီနဲ့မပက်သက်တဲ့ လူပုဂ္ဂိုလ်တွေ လုပ်ငန်းတွေကို ထိခိုက်မှု မရှိစေရေး သတိထားဆောင်ရွက်ကြရမယ်။ လုံခြုံရေးအစီအမံတွေဟာလည်း ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ်ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောက်အယှက်မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်ကြရမယ်” ဟု ကာကွယ်ရေးဝန်ကြီးက PDF ရဲဘော်များကို မှာကြားသည်။

ရပ်ရွာလုံခြုံရေးအကြောင်းပြချက်ဖြင့် ပြည်သူလူထု၏ နေ့စဉ်ဘ၀နှင့် လုပ်ငန်းဆောင်တာများ အနှောက်အယှက်ဖြစ်သည်အထိ ကားလမ်း၊ ရေလမ်းများ တားဆီးစစ်ဆေးခြင်း၊ အခွန်ကောက်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို အတင်းအကြပ် စစ်ဆေးခြင်း ဆက်ကြေးတောင်းခြင်း စသည်တို့ကို အထူးရှောင်ကြဉ်ရမည်ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

“ဒီအတွက် သက်ဆိုင်ရာ စစ်ဒေသတာဝန်ရှိသူတွေကလည်း PDF တပ်ရင်းတပ်ဖွဲ့တွေဆီကို လိုအပ်တဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ပေးပို့ထားပြီးလည်း ဖြစ်တယ်။ ဒီညွှန်ကြားချက်တွေကို ရဲဘော်တို့အနေနဲ့ အလေးအနက်ထားပြီး လိုက်နာကျင့်သုံးကြဖို့ လိုအပ်မယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူနဲ့ တစ်သားတည်း ရှိနေရမယ်၊ ပြည်သူချစ်ခင်တဲ့ ကြည်ဖြူတဲ့ အားကိုးတဲ့ တပ်မတော်မျိုးဖြစ်ချင်ရင် ပြည်သူလက်ခံနိုင်တဲ့ အမူအကျင့်မျိုးကို ရဲဘော်တို့တစ်ဦးချင်းကော တပ်ဖွဲ့အလိုက်ပါ ခံယူကျင့်သုံးကြဖို့ လိုအပ်လိမ့်မယ်”ဟု ဝန်ကြီးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေး အင်အားစုအားလုံး စနစ်တကျနှင့် တစ်လုံး တစ်စည်းတည်းဖြစ်စေရန် ရည်ရွယ်ပြီး PDF ကို ခရိုင်အခြေပြုသည့် တပ်ရင်းတပ်ဖွဲ့များအဖြစ် ထူထောင်လျက်ရှိကြောင်း အသိပေးသည်။

“ ပကဖ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုတော့ မြို့နယ် အခြေပြုပြီး နိုင်ငံရေးနဲ့ စစ်ရေးတာဝန် နှစ်ရပ် တပြိုင်တည်း ပူးတွဲထမ်းဆောင်ဖို့ ရည်ရွယ်ဖွဲ့စည်းတယ်။ ပကဖတွေအနေနဲ့ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့တွေပေါ်ပေါက်လာအောင် ကမကထ ပြုရတာ၊ ကူညီဝိုင်းဝန်းရတာတွေ ရှိမယ်။ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်တဲ့နေရာမှာလည်း ပကဖဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ရတယ်။ ပကဖရဲ့ အဓိက နိုင်ငံရေးတာဝန်ကတော့ လူထုစည်းရုံးရေးပဲ၊ လူထုစည်းရုံးရေးနဲ့တွဲပြီး လုပ်ဆောင်ရမှာက တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်ရေး ဖြစ်တယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထို့ပြင် ဒေသအသီးသီး၌ အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းပေါ်ပေါက်လျက်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ ဒေသကာကွယ်ရေး LDF များသည်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည်ကို အသိအမှတ်ပြုရမည်ဟု ဝန်ကြီးက ပြောသည်။

“အရေးကြီးတာက PDF၊ ပကဖ၊ LDF ညီညွတ်ရေးပဲ။ တစ်နည်းအားဖြင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးပဲ။ ဒီ့အတွက် ပကဖတာဝန်ရှိသူတွေဟာ LDF ခေါင်းဆောင်တွေနဲ့ မြေပြင်မှာ တွေ့ဆုံညှိနှိုင်းကြဖို့လိုတယ်။ ကိုယ့်သဘောထား ကိုယ့်အစီအစဥ်ကို အသေအချာရှင်းပြကြရမယ်။ ဘယ်သူ့ကိုမှ လက်အောက်ခံပြုဖို့မဟုတ်၊ ဘယ်သူ့ကိုမှသြဇာပေးဖို့ မဟုတ်၊ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်တယ်ဆိုတဲ့ နားလည်မှု ယုံကြည်မှုကို တည်ဆောက်ကြရမယ်။ ခရိုင်ကွပ်ကဲရေးအဖွဲ့တွေနဲ့ အချိတ်အဆက်မရသေးဘူးဆိုရင်လည်း လိုအပ်သလို ဆက်သွယ်ချိတ်ဆက်ပေးရမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် LDFများနှင့် ချိတ်ဆက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ပါသည့် အထူးအလုပ်အဖွဲ့တစ်ခုဖွဲ့စည်းလုပ်ဆောင်နေသည်ဟု ဝန်ကြီးက ပြောသည်။

“LDF ခေါင်းဆောင်များအနေနဲ့ ဒီအလုပ်အဖွဲ့ကိုဖြစ်ဖြစ်၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်တို့ကို တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း တပါတည်း အသိပေးလိုတယ်။

ညီညွတ်မှုမှသည် အောင်ပွဲဆီသို့ ငါတို့ ဦးတည်ကြမယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။