Connect with us

Hi, what are you looking for?

News

သမ္မတဂျိုးဘိုင်ဒန် မြန်မာ့အရေးကူညီဆောင်ရွက်ပေးရန် ဂျပန်​ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မတိုင်မီ တိုကျိုမြို့ အမေရိကန် သံရုံးအနီးတဝိုက်၌ ဂျပန်ရောက် ဒီမိုကရေစီအရေးလိုလားသူ မြန်မာများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - ရောင်စုံနွေဦး

ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အ​နေဖြင့် မြန်မာ့အရေးကူညီဆောင် ရွက်ပေးရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ယမန်နေ့ (မေလ ၂၂) တောင်းဆို ဆန္ဒပြခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အင်ဒို-ပစိဖိတ်သမုဒ္ဒရာအတွင်း စစ်ရေးပူးပေါင်းရေး ၊ တရုတ်လွှမ်းမိုးမှု့ ကန့်သတ်ရေးကိစ္စများ ဆွေးနွေးရန်အတွက် မေလ ၂၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မတိုင်မီ တိုကျိုမြို့ အမေရိကန် သံရုံးအနီးတဝိုက်၌ ဂျပန်ရောက် ဒီမိုကရေစီအရေးလိုလားသူ မြန်မာများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

​ဆန္ဒပြသူများက ပြီးခဲ့သည့် မေလ ၁၂/၁၃ရက်နေ့တွင် ကျင်းပခဲ့သည့် U.S ASEAN Special Summit အတွက် အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ကို စွန့်လွှတ်ရန်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ MOGE မှ လူသတ်လက်နတ်အဖြစ် ရရှိနေသော သွေးစွန်းငွေများအတွက် အမြန်ဆုံး ပိတ်ဆို့အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမေရိကန်အနေ​ဖြင့် ဂျပန်အစိုးရအား မြန်မာ့အရေးကို စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေးအား ယခုထက်ပိုမို၍ ဖိအားပေး Sanction ချ ပြောဆိုပေးရန်တို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

Facebook