Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ခင်ဦးက စစ်ရှောင် မီးနေသည်”

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လူ့လောကရောက်ပြီးသည်မှာ မိနစ်၁၈၀ ခန့်သာရှိသေးသည့် ကလေးငယ်သည် မိခင်နှင့်အတူ မီးနေခန်းမှထပြေးခဲ့ရသည်။

(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီး​ခြင်း၊ အဓမ္မဖမ်းဆီး လူသားဒိုင်းပြုလုပ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများကြောင့်စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ပြည်သူတစ်သောင်းကျော်သည် စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်ကာ တကျော့ပြန် ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုပြည်သူများထဲတွင် ခင်ဦးနယ်ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကလေးမီးဖွားပြီး ၃ နာရီခန့်အကြာ ရင်သွေးငယ်ကို ချီပိုးကာ ထွက်ပြေးတိမ်းရှောင်လာရသူ သွေးနုသားနု မီးနေသည်တစ်ဦးလည်း ပါဝင်ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လူ့လောကရောက်ပြီးသည်မှာ မိနစ်၁၈၀ ခန့်သာရှိသေးသည့် ကလေးငယ်သည် မိခင်နှင့်အတူ မီးနေခန်းမှထပြေးခဲ့ရသည်။

မိုးနှောင်းကာလမို့ ခင်ဦးနယ်တွင် မိုးကလည်း မကြာခဏရွာတတ်ပြီး လေကလည်းတဝုန်းဝုန်းတိုက်လေ့ရှိသည်။ မိုးကာအုပ်ထားသည့် ပေါင်းမိုးလှည်းကလေးသည် သားအမိနှစ်ယောက်အတွက် လုံခြုံသော မီးနေခန်းတစ်ခုမဖြစ်ခဲ့ပါ။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“မိခင်နှင့်ကလေးငယ်ဟာ လှည်းပေါ်မိုးကာအုပ်ပြီး ထိုင်နေရပါတယ်။ ညအချိန်မိုးရွာရင်လည်း နွားလှည်းကိုမိုးကာအုပ်ပြီး ထိုင်နေရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ဘူးလေးရာဖရုံဆင့်သည်မှာ ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခါများ အခက်အခဲတွေ့နေကြခြင်းဖြစ်သည်။ သောက်သုံးရေအတွက်နာရီပေါင်းများစွာ အချိန်ပေးခပ်ရသည့် လက်ယက်တွင်းကလေးတွေကိုသာ အားကိုးနေကြရသည်။

ထို့အပြင် ဆိုခဲ့သလို မိုးမကြာခဏရွာသဖြင့် မိုးကာမလုံလောက်သည့်ပြဿနာလည်း ရင်ဆိုင်နေကြရသည်။

(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာသည့်မီးနေသည်နှင့်ပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

“ယခုအခါ စစ်ဘေးရှောင်များအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားမှူအကူညီများ အထူးလိုအပ်နေပါတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ် သာဂရရွာရှိ နေအိမ် ၁၀အိမ်ထက်မနည်း၊ဂွေကုန်းရွာ ၅အိမ်၊ ကံသစ်ရွာရှိ ဆိုင်ကယ်၃စီး နှင့် တောတဲနေအိမ်၅လုံးခန့် မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

မြန်မာကြက်ခြေနီ သည် စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့ကူညီနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း KNUက အသိပေးသည်။