Connect with us

Hi, what are you looking for?

သတင်း

ကုလလက်အောက်ခံအဖွဲ့အစည်းများ တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် အရပ်ဘက်အဖွဲ့ ၆၀၀ ကျော် ကုလအတွင်းရေးမှူးချုပ်ထံ စာပို့

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံဖွင့်ပွဲတွင် မိန့်ခွန်း​ပြောကြား​နေ​​​သော အတွင်း​ရေးမှူးချုပ်နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့၏​ပေးစာ။ ဓါတ်ပုံ-ရိုက်တာ)
(ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံဖွင့်ပွဲတွင် မိန့်ခွန်း​ပြောကြား​နေ​​​သော အတွင်း​ရေးမှူးချုပ်နှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၆၃၈ ဖွဲ့၏​ပေးစာ။ ဓါတ်ပုံ-ရိုက်တာ)

▪︎မြန်မာ့အကျပ်အတည်းကို အတွင်းရေးမှူးချုပ်ကိုယ်တိုင်ကြားဝင်ဆောင်ရွက်ရန်လည်း တောင်းဆို

ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းကို ရပ်တန့်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူသော စာ၌ ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဟု ဖော်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင်ရွက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးပါရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုသည်။

ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်ဟု ဆက်လက်တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ များသည် တရားဝင်မှုမရှိနေသော မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်းလည်း အတွင်းရေးမှူးချုပ်ထံ ပေးစာ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။