Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ တြိတ်စခန်းကိုတက်မသိမ်းခင် ရက် နှစ်ဆယ်ကျော် ပိတ်ဆို့ဖြတ်တောက်ခဲ့တယ်လို့ ဆို

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ကြိတ်စခန်းထဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်စုစုပေါင်း (၃၂)ဦးရှိတယ်လို့ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးက ပြောကြားကြောင်း ဒေါနစစ်ကြောင်းမှူးက ပြောပြပါတယ်။

စစ်တပ်ရဲ့ တြိတ်စခန်းကိုတက်မသိမ်းခင် ရက် နှစ်ဆယ်ကျော် ပိတ်ဆို့ဖြတ်တောက်ခဲ့တယ်လို့ ဆို
စစ်တပ်ရဲ့ တြိတ်စခန်းကိုတက်မသိမ်းခင် ရက် နှစ်ဆယ်ကျော် ပိတ်ဆို့ဖြတ်တောက်ခဲ့တယ်လို့ ဆို

စစ်ကောင်စီရဲ့ ကြိတ်စခန်းကို တက်မသိမ်းခင် စခန်းကိုတစ်လနီးပါးကြား ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး CDM လုပ်သူတွေလည်းရှိခဲ့တယ်လို့ ဒေါနစစ်ကြောင်းမှူးက ရှင်းပြပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ကြိတ်စခန်းကို ပြီးခဲ့တဲ့လ ဩဂုတ်(၂၈)ရက် ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)ပူးပေါင်းအဖွဲ့က စတင်ပိတ်ဆို့ခဲ့တာဖြစ်ပြီး စခန်းရဲ့ဆက်သွယ်ရေးလမ်းကြောင်းအပြင် ရေရိက္ခာတွေကို အကုန်ဖြတ်တောက်ခဲ့တယ်လို့ KNLA တပ်ရင်း(၁၈) ထောက်လှမ်းရေးမှူးနဲ့ ဒေါနစစ်ကြောင်းမှူးဖြစ်သူ ဗိုလ်သာလောက ဆိုပါတယ်။

စစ်ကောင်စီရဲ့ကြိတ်စခန်းကို ပိတ်ဆို့ထားပြီးတဲ့နောက်ပိုင်းမှာ KNLA ပူးပေါင်းအဖွဲ့တွေက စနိုက်ပါ၊ ဒရုန်းတွေနဲ့ အသုံးပြုပြီးတိုက်ခိုက်ခဲ့တာရှိသလို မိုင်းဆွဲတိုက်ခိုက်တာတွေလည်း အသုံးပြုခဲ့တာကြောင့် စစ်ကောင်စီဘက်က (၅)ဦး ထိခိုက်သေဆုံးတာတွေရှိနေပြီး တပ်ဖွဲ့ဝင်ခြောက်ဦးဟာ တပတ်ကျော်အကြာမှာ CDM ပြုလုပ်လာတယ်လို့ ဗိုလ်သာလောက ရှင်းပြပါတယ်။

” ပိတ်ဆို့ပြီးတဲ့နောက်ပိုင်းမှာ စနိုက်ပါလည်းသုံးတယ်။ ဒရုန်းနဲ့လည်းသုံးတယ်။ နောက်ပြီးတော့ မိုင်းနဲ့လည်းသုံးတယ်။ အထူးသဖြင့် ကိုယ့်လူတွေဒဏ်ရာမရအောင်တော့ ထိန်းသိမ်းတယ်။ ပိတ်ဆို့တော့ အဲ့ဒီမှာမကြာဘူး တစ်ပတ်ကျော်ကျော်လောက်မှာ နှစ်ယောက်ထွက်လာတယ်။ သူတို့ CDMလာလုပ်တယ်။ နောက်ပြီးတော့ နောက်ထပ်လေးငါးရက်ကြာမှာပဲ BGFသုံးယောက် ထပ်လာတယ်။ နောက်နှစ်ရက်သုံးရက်အကြာမှာပဲ နောက်တစ်ယောက်ထပ်လာတယ် စကစက။ စုစုပေါင်း(၆)ယောက်။ အဲ့ဒီမှာ ကျွန်တော်တို့စနိုက်ပါနဲ့သုံးပြီး တိုက်ခိုက်တဲ့အချိန်မှာ ကြိုကြားကြိုကြားပေါ့ လေးယောက်ကျတယ်။ ပြီးတော့ မိုင်းနဲ့ဆွဲတာက တစ်ယောက်ကျတယ်။ ဒဏ်ရာကတော့ တစ်ယောက်ရတယ်” လို့ ဒေါနစစ်ကြောင်းမှူး ဗိုလ်သာလောက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ ကြိတ်စခန်းထဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်စုစုပေါင်း (၃၂)ဦးရှိတယ်လို့ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးက ပြောကြားကြောင်း ဒေါနစစ်ကြောင်းမှူးက ပြောပြပါတယ်။

စစ်ကောင်စီခြေမြန်တပ်ရင်း(၅၅၇)အခြေချနေထိုင်တဲ့ ကြိတ်စခန်းကို စက်တင်ဘာလ(၂၀)ရက်နေ့က KNLA တပ်ရင်း(၂၈)နဲ့ ဒေါနစစ်ကြောင်း-SOG မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲကြာချိန်ဟာ အချိန်(၁၇)မိနစ်ခန့်သာကြာမြင့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးပြီး နှစ်ဦးကိုဒဏ်ရာနဲ့ ဖမ်းဆီးရခဲ့ကာ စစ်လက်နက်ခဲယမ်းကျည်အမြောက်အများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။