Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည် နေရာအများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရှေ့တန်းရဲဘော်များအတွက် ရိက္ခာများပါဝင်ကူညီပေးကြရန် KNDF တောင်းဆို

နေ့စဥ်ရဲဘော်များရှေ့တန်းတွင် ခွန်အားပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝမည့် ရိက္ခာများ စုဆောင်းနိုင်ရေးအတွက် နည်းများမဆို ပါဝင်ကူညီလှူဒါန်းပေးကြရန် KNDFက တိုက်တွန်းသည်။

(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် နေရာအများအပြားတွင် စစ်ဗျူဟာအလိုက် တိုက်ပွဲများဖြစ်ပွားနေပြီး ရှေ့တန်းရောက် ရဲ​ဘော်များအတွက် ရိက္ခာများပါဝင်ကူညီပေးကြရန် ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF)က ယနေ့(စက်တင်ဘာ ၂၆ရက်) ထုတ်ပြန်သည်။

လက်ရှိ တိုက်ပွဲများဖြစ်ပွားမှုအရ ခဲယမ်းလိုအပ် ချက်သာမက တပ်အသီးသီးမှ ထောင်ချီသော တိုက်ပွဲဝင်ရှေ့တန်းရဲဘော်များအတွက် ရိက္ခာလိုအပ်ချက် များမှာလည်း နေ့စဥ်နှင့်အမျှ မြင့်တက်လျက်ရှိနေကြောင်း အသိပေးသည်။

(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - KNDF)
(ရှေ့တန်းရှိ ရဲဘော်များကို ရိက္ခာပို့ဆောင်ပေးရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – KNDF)

Logistics Unit (ဗဟိုထောက်/ပို့ ဌာန )KNDF အနေနှင့် စစ်ဗျူဟာအသီးသီးသို့ရှေ့တန်းစစ်မြေပြင်အရောက် ရိက္ခာများပို့ဆောင်သည့် Mission များကို ထမ်းဆောင်နေယုံသာမက ရိက္ခာစုဆောင်းရှာဖွေရေးအတွက်ပါ ဘဏ္ဍာရေး အခဲအခဲများကြားမှ ရုန်းကန် ဖြေရှင်းလျက်ရှိနေကြောင်း ဖော်ပြသည်။

ထို့ကြောင့် နေ့စဥ်ရဲဘော်များရှေ့တန်းတွင် ခွန်အားပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝမည့် ရိက္ခာများ စုဆောင်းနိုင်ရေးအတွက် နည်းများမဆို ပါဝင်ကူညီလှူဒါန်းပေးကြရန် KNDFက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့လည်း လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်နေတယ်။တိုက်ပွဲတွေကတော့ နေ့စဥ်နဲ့အမျှပါပဲ။ နောက်ပြီးတော့ ဒီထက်ပိုပြီး တိုက်ပွဲတွေ ဆက်ဖြစ်လိမ့်မယ်ဆိုတာ သေချာနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသ(ဒီးမော့ဆို၊ လွိုင်ကော်၊မိုးဗြဲ၊ဖယ်ခုံ၊ဖရူဆို) မြို့နယ်များအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ် ကောင်စီတပ်မှ သေဆုံးသူများပြားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၅ဦးခန့်ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook