Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို့မြို့နယ် ကုန်းသာ‌ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေဟု KRU ပြော

“ကုန်းသာမှာ စကစ အနေနဲ့ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတာ။ဒါကို နှစ်ဖက်ညှပ်ပြီး ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ - KRU

ဒီးမော့ဆို့မြို့နယ် ကုန်းသာ‌ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု-KRUက ယနေ့(စက်တင်ဘာ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ ယမန်နေ့ (စက်တင်ဘာ ၂၆ရက်) က စစ်ကောင်စီ တပ်စွဲထားသော ကုန်းသာ‌ ကျေးရွားအတွင်းသို့ ညနေ ၄ နာရီခွဲခန့်ကစ၍ ညနေ ၆ နာရီအထိ KRUနှင့် မဟာမိတ်တပ် DMO PDFတပ်ရင်း (A)တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၅ဦးသေဆုံးကာ KRU မှ ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

“ကုန်းသာမှာ စကစ အနေနဲ့ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတာ။ဒါကို နှစ်ဖက်ညှပ်ပြီး ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ လက်နက်ကြီး များ အဆမတန်သုံးနေခဲ့သောကြောင့် ခေတ္တခဏ ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်းလည်း KRU က အသိပေးသည်။

ထို့အပြင်တိုက်ပွဲအတွင်း အသုံးပြုခဲ့သော လက် နက်ကြီးကျည်ဆံများနှင့် လက်နက်ကျည်ဆံများ ပြန်လည် ဖြည့်တင်းနိုင်ရန် ပြည်သူများအနေဖြင့် ကူညီပေးရန် မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook