Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆို့မြို့နယ် ကုန်းသာ‌ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ဦးသေဟု KRU ပြော

“ကုန်းသာမှာ စကစ အနေနဲ့ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတာ။ဒါကို နှစ်ဖက်ညှပ်ပြီး ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ - KRU

ဒီးမော့ဆို့မြို့နယ် ကုန်းသာ‌ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု-KRUက ယနေ့(စက်တင်ဘာ ၂၇ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ ယမန်နေ့ (စက်တင်ဘာ ၂၆ရက်) က စစ်ကောင်စီ တပ်စွဲထားသော ကုန်းသာ‌ ကျေးရွားအတွင်းသို့ ညနေ ၄ နာရီခွဲခန့်ကစ၍ ညနေ ၆ နာရီအထိ KRUနှင့် မဟာမိတ်တပ် DMO PDFတပ်ရင်း (A)တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၅ဦးသေဆုံးကာ KRU မှ ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - KRU
ဓာတ်ပုံ – KRU

“ကုန်းသာမှာ စကစ အနေနဲ့ အင်အား ၅၀လောက်နဲ့ တပ်စွဲထားတာ။ဒါကို နှစ်ဖက်ညှပ်ပြီး ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ လက်နက်ကြီး များ အဆမတန်သုံးနေခဲ့သောကြောင့် ခေတ္တခဏ ပြန်လည် ဆုတ်ခွာပေးခဲ့ရကြောင်းလည်း KRU က အသိပေးသည်။

ထို့အပြင်တိုက်ပွဲအတွင်း အသုံးပြုခဲ့သော လက် နက်ကြီးကျည်ဆံများနှင့် လက်နက်ကျည်ဆံများ ပြန်လည် ဖြည့်တင်းနိုင်ရန် ပြည်သူများအနေဖြင့် ကူညီပေးရန် မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။