Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ၂၄နာရီအတွင်း စစ်တပ်တပ်စွဲရာနေရာနှစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ၊ Black Rose တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

မုံရွာမြို့ပေါ်တွင်တွေ့ရသည့် စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - ဒေသတွင်းသတင်းသမား(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မုံရွာမြို့ပေါ်တွင်တွေ့ရသည့် စစ်ကောင်စီတပ်များ၊ ဓာတ်ပုံ - ဒေသတွင်းသတင်းသမား(ပုံအဟောင်းကို အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ၂၄နာရီအတွင်း စီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဘဏ်၌ စစ်ကောင်စီတပ်စွဲရာ နှစ်နေရာအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၂၉ ရက်) ည ၇ နာရီအချိန်က မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲများအား လက်လုပ် (၄ဝ)မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း Chindwin Attack Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People နှင့် မုံရွာမြို့ ပြောက်ကျားတပ်ဖွဲ့များဖြစ်သော ဗိုလ်ပေါက်ကြား၊ ဗိုလ်ဗျတ်ဝိ၊ Black Rose တို့ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ ညနေ ၆ နာရီ ၁၀မိနစ်ခန့်ကလည်း Chindwin Attack Force တပ်ရင်း (၂) မုံရွာစီးပွားရေးဘဏ်တွင် ခြင်းခတ်နေသော စစ်ကောင်စီတပ်သား လေးဦး၊ သဲအိတ်အကာဖြင့် ကင်းစောင့်နေသော စစ်သားတစ်ဦး၊ ယာဥ်ထိန်းရဲကင်းရှေ့ လက်နက်ကိုင်ကာကင်းစောင့်နေသော စစ်သားတစ်ဦး စုစုပေါင်း ခြောက်ဦးအား ပြောက်ကျားစစ်ဖြင့် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ခြောက်ဦးလုံးသေဆုံးသွားကြောင်း Chindwin Attack Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးကို Chindwin Attack Force တပ်ရင်း (၂) တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့( Chindwin Attack Force IO) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းပေးအတည်ပြုချက်အရ တပ်ရင်း (၃) တပ်ရင်း (၄) ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boysအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးများတွင် မဟာမိတ်တပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Attack Force က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။