Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးနှင့် PDF ရဲဘော်တစ်ဦးကို သတ်ဖြတ်

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမွှေနှောက်ခြင်းခံခဲ့ရသော ထနောင်းတောမြောက်ရွာနှင့် ထနောင်းတောတောင်ရွာရှိ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Monywa_A Myint Road Information)

ထနောင်းတောရွာရှိ နေအိမ် ခုနစ်လုံးကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောကျေးရွာအနီးတွင် စစ်ကောင်စီတပ်က အလုပ်မှ ပြန်လာသူတစ်ဦးနှင့် ​ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကို ပစ်သတ်ခဲ့ပြီး အဆိုပါကျေးရွာကိုပါ ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ခုနစ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၇ ရက် နံနက် ၈နာရီခန့်က မုံရွာမြို့နယ်၊ တောပုမြောက်ရွာ (ပျူရွာ)မှ စစ်ကောင်စီတပ်များသည် စစ်ကားသုံးစီး အင်အားအပြည့်ဖြင့် ထနောင်းတောမြောက်ရွာသို့ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျတ်ဆီးခဲ့ရာ နေအိမ် လေးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမွှေနှောက်ခြင်းခံခဲ့ရသော ထနောင်းတောမြောက်ရွာနှင့် ထနောင်းတောတောင်ရွာရှိ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Monywa_A Myint Road Information)
(စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမွှေနှောက်ခြင်းခံခဲ့ရသော ထနောင်းတောမြောက်ရွာနှင့် ထနောင်းတောတောင်ရွာရှိ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Monywa_A Myint Road Information)

ထို့နောက် စစ်ကောင်စီတပ်သည် ထနောင်းတောမြောက်ရွာအတွင်းရှိ နေအိမ်များအားလုံး ဝင်ရောက် မွှေနောက်ဖျက်ဆီးပြီး လိုချင်သောပစ္စည်းများ လုယူသွားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ညနေ၅နာရီခန့်တွင် မုံရွာမြို့ပေါ်မှ အလုပ်မှပြန်လာသူ ကိုအောင်ကျော်မင်း(ဘုဘကျေးရွာနေသူ)အား ထနောင်းတောမြောက်ရွာအဝင် လမ်းမကြီးပေါ်၌ ပစ်သတ်ခဲ့ကြောင်း၊ အဆိုပါနေရာအနီးတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်(MPDF-ဆားလင်းကြီးတပ်ခွဲ)မှ ရဲဘော်တစ်ဦးအား ဖမ်းမိပြီး နှိပ်စက်ပစ်သတ်ဖြတ်ခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် ထနောင်းတောရွာရှိ ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးသွားရာ ၄၀ထက်မနည်းရှိနိုင်ကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် ထနောင်းတောမြောက်ရွာ-တောင်ရွာတွင် နှစ်ရက်နှစ်ညတိတိ တပ်စွဲကာ မွှေနှောက်ခဲ့ပြီး ယနေ့(စက်တင်ဘာ၂၉ရက်)နံနက်၈နာရီခန့်တွင် စစ်ကြောင်းအားလုံး မုံရွာ(နမခ) တပ်တွင်းသို့ ပြန်သွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။