Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ

“အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ

ပုလောမြို့နယ်အတွင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကောင်စီတပ်ယာဥ်တန်းအား နှစ်ကြိမ်ဆက်မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ယနေ့ (စက်တင်ဘာ ၂၆) ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုများကို ယနေ့နံနက် ၇ နာရီ ၁၈မိနစ်တွင် မြိတ်မြို့ဘက်မှလာသော စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက တပိုကျေးရွာနီးတွင်တစ်ကြိမ်၊ ၇ နာရီ ၅၃ မိနစ်တွင် ကျောက်ပုဇွန်တောင်အနီးတွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

အလားတူ ယနေ့နံနက် ၉ နာရီခွဲခန့်က ပုလောမြို့မှ မြိတ်မြို့သို့ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းအား ထပ်မံ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီးနောက် မဟာမိတ်တပ်ပေါင်းစုဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ၏ ကားလမ်းမတစ်လျောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။