Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ ပုလိပ်ရဲစခန်းမှူးသေ

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ ပုလိပ်ရဲစခန်းမှူးသေ
စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ ပုလိပ်ရဲစခန်းမှူးသေ

မန္တလေး – ကျောက်ဆည်လမ်းပိုင်းရှိ စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြစ်ငယ် PDF က ပြောသည်။

ယနေ့(အောက်တိုဘာ ၃)နေ့လယ် ၂ နာရီ ၅၀ ခန့်က ပုလိပ်လျှပ်စစ်ရုံးမှတစ်ဆင့် ဘဏ်သို့ငွေသွင်းရန်လာသည့် လျှပ်စစ်ရုံးမန်နေဂျာနှင့် စစ်ကောင်စီတပ်သားသုံးဦးလိုက် ပါလာသော ယာဥ်တစ်စီးကို စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၃မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီယာဥ်အား ပစ်ခတ်တိုက်ခိုက်ရာတွင် ကားခေါင်းခန်းမှလိုက်ပါလာသော စစ်ကောင်စီလက် အောက်ခံ ရဲစခန်းမှူးတစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာသူများလည်းရှိကြောင်း မြစ်ငယ် PDF က ပြောသည်။

“(အသေပစ်နိုင်တာ)ပုလိပ်ရဲစခန်းမှူးပါ။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ ​ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရဲဘော်တွေအားလုံး အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံရာ ပြန်ရောက်ကြပါပြီ”ဟု မြစ်ငယ် PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook