Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ ပုလိပ်ရဲစခန်းမှူးသေ

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ ပုလိပ်ရဲစခန်းမှူးသေ
စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်၊ ပုလိပ်ရဲစခန်းမှူးသေ

မန္တလေး – ကျောက်ဆည်လမ်းပိုင်းရှိ စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး စစ်ကောင်စီယာဥ်တစ်စီးကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြစ်ငယ် PDF က ပြောသည်။

ယနေ့(အောက်တိုဘာ ၃)နေ့လယ် ၂ နာရီ ၅၀ ခန့်က ပုလိပ်လျှပ်စစ်ရုံးမှတစ်ဆင့် ဘဏ်သို့ငွေသွင်းရန်လာသည့် လျှပ်စစ်ရုံးမန်နေဂျာနှင့် စစ်ကောင်စီတပ်သားသုံးဦးလိုက် ပါလာသော ယာဥ်တစ်စီးကို စဥ့်ကိုင်ပေါ်တော်မူဘုရားအနီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၃မိနစ်ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီယာဥ်အား ပစ်ခတ်တိုက်ခိုက်ရာတွင် ကားခေါင်းခန်းမှလိုက်ပါလာသော စစ်ကောင်စီလက် အောက်ခံ ရဲစခန်းမှူးတစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာသူများလည်းရှိကြောင်း မြစ်ငယ် PDF က ပြောသည်။

“(အသေပစ်နိုင်တာ)ပုလိပ်ရဲစခန်းမှူးပါ။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ ​ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရဲဘော်တွေအားလုံး အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံရာ ပြန်ရောက်ကြပါပြီ”ဟု မြစ်ငယ် PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။