Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိသူ CDM မှာ မပါဝင်လာစေရေး စိစစ်မယ်လို့ CDM တပ်မတော် သားများ ထုတ်ပြန်

ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ယနေ့ (အောက်တိုဘာ ၇ရက်) ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိသူ CDM မှာ မပါဝင်လာစေရေး စိစစ်မယ်လို့ CDM တပ်မတော် သားများ ထုတ်ပြန်
တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိသူ CDM မှာ မပါဝင်လာစေရေး စိစစ်မယ်လို့ CDM တပ်မတော် သားများ ထုတ်ပြန်

▪️စစ်ကောင်စီနှင့်ပြန်ပူးပေါင်းသွားသည့် ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်

▪️NUGနှင့် ပူးပေါင်းပြီး CDM ကြိုဆိုလက်ခံရေးနှင့် ထောက်ပံ့ရေးကို ပြည်သူ့ ပံ့ပိုးမှုဖြင့် ပိုမိုလုပ်ဆောင်မည်ဟုအသိ​ပေး

တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက်မရှိသူများ CDM ၌ မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ် ဆောင်ရွက်မည်ဖြစ်ပြီး တော်လှန်ရေး အောင်မြင်နိုင်မှု အတွက် CDM တပ်မတော်သား စစ်စစ်တွေ အနေဖြင့် ပိုမိုကြိုးစား ဆောင်ရွက်သွားမည်ဟု ပြည်သူလူထုထံ အသိပေးကြောင်း CDM တပ်မတော်သား အစုအဖွဲ့များက ထုတ်ပြန် ကြေညာသည်။

ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့က ယနေ့ (အောက်တိုဘာ ၇ရက်) ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိသူ CDM မှာ မပါဝင်လာစေရေး စိစစ်မယ်လို့ CDM တပ်မတော် သားများ ထုတ်ပြန်
တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက် မရှိသူ CDM မှာ မပါဝင်လာစေရေး စိစစ်မယ်လို့ CDM တပ်မတော် သားများ ထုတ်ပြန်

အောက်တိုဘာ ၅ရက်တွင် စစ်ကောင်စီ လက်အောက်ခံ မီဒီယာများနှင့် ဝါဒဖြန့်ချန်နယ်များက ဖြန့်ချိခဲ့သည့် ပြည်သူ့သစ္စာဖောက် ဗိုလ်မှူးမျိုးမင်းထွန်း၏ ရုပ်သံနှင့် ပတ်သက်ပြီး CDM တပ်မတော်သားများက ၎င်းတို့၏ သဘောထားများကို ထုတ်ပြန်ခဲ့ရာ ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြသည်။

နွေဦးတော်လှန်ရေးအင်အားစုများ၏ ခုခံစစ် ကြောင့် စစ်ကောင်စီ ရှေ့တန်းစခန်းများနှင့် စစ်ကြောင်းများ ထိခိုက်ကျဆုံးများပြားနေသည့် အခြေအနေတွင် ခမရ(၃၅၁)ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းသည် ၎င်း၏ ဆန္ဒအရ CDM ပြုလုပ်ဖို့ ဆက်သွယ်လာခြင်းဖြစ်ကြောင်း၊ ၎င်း၏ ဇာတိ ဒီပဲယင်းမြို့နယ်က ကျေးရွာများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးမှုများရှိနေချိန်၊ စစ်ကောင်စီခေါင်းဆောင်များက လက်အောက်ငယ်သားများ၏ အသက်ကို ပဓာနမထားဘဲ အသေခံတိုက်ပွဲဝင်ရန် ညွှန်ကြားချက်များ ဆက်တိုက် ထွက်ပေါ်လာချိန်၌ CDM လုပ်ဆောင်ရန် ဆက်သွယ်လားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးမျိုးမင်းထွန်းအနေဖြင့် ပြည်သူ့ဘက် ပူးပေါင်းလာချိန်၌ ပြည်သူအများ၏ ထောက်ခံမှုကို ရခဲ့ပြီး ၎င်း နေထိုင် စားသောက်နိုင်ရေးအတွက် CDM တပ်မတော်သားများက တက်နိုင်သည့် ဘက်က ဝိုင်းဝန်း ဆောင်ရွက် ပေးခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူများကလည်း လိုအပ်သည့် ထောက်ပံ့မှုများ ဖြည့်ဆည်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးမျိုးမင်းထွန်းအနေဖြင့်တော်လှန်ရေးအင် အားစုများအတွက် ၎င်းသိရှိထားတဲ့ ပညာရပ်တွေနဲ့ အတွေ့အကြုံတွေကို တစုံတရာ မျှဝေခြင်းမရှိခဲ့သော်လည်း ပြည်သူ့ဘက် ပူးပေါင်းလာ၍ ၎င်း ဘ၀ လုံခြုံရေးနှင့် လိုအပ်ချက်အားလုံးကို တတိယ နိုင်ငံရောက် CDM တပ်မတော်သားများ၊ ပြည်ပရောက် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် မကြာမီကာလအတွင်း တတိယ နိုင်ငံသို့ သွားရောက်ရတော့မည့် အခွင့်အရေးကို ရရှိထားသူဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဗိုလ်မှူးမျိုးမင်းထွန်းသည် တော်လှန် ရေးအပေါ် ယုံကြည်ချက်မရှိမှု၊ စိတ်ဓာတ်ပျော့ညံ့မှု၊ အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်လိုစိတ် မရှိမှုနှင့် ၎င်း အသက်သေဆုံးနိုင်မှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ဖုံးကွယ်ပြီး ပကတိ အမှန်တရားများကို မျက်ကွယ်ပြုကာ NUGနှင့် CDM ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများကို ထိုးနှက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် စစ်ကောင်စီက မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်ရန် အမိန့်ပေးခဲ့သည့် အတိုင်း ပြောဆိုခဲ့၍ ၎င်းကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်လိုက်သည်ဟု CDM တပ်မတော်သားများက အသိပေးထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)သတင်းရင်းမြစ်ကလည်း CDM ဝင်ရောက်လာသည့် တပ်မတော်သားများကို ကြိုဆိုရမည်ဖြစ်သကဲ့သို့ လုံခြုံရေးအတွက်လည်း သတိထားရမည်ဟု ပြောကြားထားသည်။

ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှန်တိုင်း သိရှိစေနိုင်ရန် အတွက် အကြမ်းဖက် စစ်တပ်အတွင်းမှ ပြည်သူနှင့် ပူးပေါင်းရပ်တည်လျက်ရှိသည့် မိမိတို့၏ အမာခံ အတွင်းလူများ၏ အကူအညီနှင့် ပူးပေါင်းပါဝင်သူ အားလုံး ကို စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်ကို သင်ခန်းစာယူကာ တော်လှန်ရေး ခံယူချက် ယုံကြည်ချက်မရှိတဲ့သူတွေ CDMမှာ မပါဝင်လာစေရန် ဆောင်ရွက်မည်ဟု ဖော်ပြသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပူးပေါင်းပြီး တော်လှန်ရေး အောင်မြင်ရန် လမ်းစဖြစ်သည့် CDM ကြိုဆိုလက်ခံရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကိုပြည်သူများ၏ ပံ့ပိုးကူညီမှုများနှင့် ပိုမိုလုပ်ဆောင်သွားမည်ဟု CDM တပ်မတော်သားများ က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။