Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CDM စစ်ကောင်စီတပ်သားများကိုကြိုဆိုရမည်ဖြစ်သသို့ အယောင်ဆောင်များအပေါ်လည်း သတိထားရမည်ဟု KNU သတင်းရင်းမြစ်ပြော

ထို့ပြင် ယခုနောက်ပိုင်း CDM အယောင်ဆောင် ပြီး တော်လှန်ရေးဘက်ခြမ်းကိုနည်းမျိုးစုံနှင့် ဝင်ရောက်ရန် ကြိုးပမ်းမှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

(Non CDM ပြုလုပ်သွားသည်ဆိုသည့် ဗိုလ်မှူးမျိုးမင်းထွန်းအား တွေ့ရစဉ်)
(Non CDM ပြုလုပ်သွားသည်ဆိုသည့် ဗိုလ်မှူးမျိုးမင်းထွန်းအား တွေ့ရစဉ်)

စစ်ကောင်စီတပ်ကို စွန့်ခွာထွက်ပြေးလာပြီး ပြည်သူ့ဘက် ပူးပေါင်းလာသည့် CDMစစ်သည်၊ အရာရှိများကို ကြိုဆိုရမည်ဖြစ်သကဲ့သို့ အယောင်ဆောင် CDMများ ရှိနိုင်သည့်အပေါ် လုံခြုံရေးသတိထားရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လတ်တလောတွင် CDM ဗိုလ်မှူးတစ်ဦး ပျောက် ဆုံးသွားသည့် အခြေအနေနှင့်ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြေဲကားသည်။

“သူတို့ ဝင်လာရင်တော့ ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် ကြိုဆိုတယ် လက်ခံတယ်။ နောက်ပြီးတော့ သက်ဆိုင်တဲ့ နေရာပို့လိုက်တာပေါ့။လုံခြုံစိတ်ချရတဲ့နေရာပေါ့။ တာဝန်ယူတဲ့အဖွဲ့ကို အပ်လိုက်တာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တွဲပြီး စီစဉ်ထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့ရှိပြီး ထိုကဲ့သို့ သော အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကယ်၍ CDM စစ်သည်အရာရှိများကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းမိသွားခြင်း၊ CDM အယောင်ဆောင်လာရောက်ခြင်းများရှိပါက အဖွဲ့အစည်း လုံခြုံရေး၊ တော်လှန်ရေးလုံခြုံရေးအတွက် စိတ်ပူစရာရှိသည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တိုနယ်မြေထဲကို လာသွားတယ်။ နေရာဒေသကို သူသိထားတာတစ်ပိုင်း။ ဒီဘက် ရောက်ရင်လည်း အဖွဲ့အစည်းတွေ ကိုင်တွယ်တဲ့ နေရာမှာလည်း သူတို့ အားလုံးသိသွားတာပေါ့။

ဒီလိုအပေါ်မှာတော့ ဘာမှ ပြောလို့မရဘူး သတိထားရမယ်။ နောက်ထပ်ဒီလို မဖြစ်အောင် လာတဲ့အပေါ်မှာ တာဝန်ယူတာက တစ်ပိုင်း နောက် ဒါတွေကလည်း ဖြစ်နိုင်ရင် ICRCနဲ့ ကိုင်တွယ်ရင် ပိုကောင်းမယ်ထင်တယ် UN ဖြစ်စေပေါ့နော်။ ဒီလိုမျိုးဖြစ်လာတော့ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ တစ်နည်းနည်းနဲ့ ဒါကို ရှေ့ဆက် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ စဉ်းစားမှု တစ်ခုဖြစ်လာတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

CDM ပြုလုပ်ခြင်းကို ကြိုဆိုရမည်ဖြစ်သကဲ့သို့ လုံခြုံရေးကိုလည်း သတိထားရမည်ဟု ဆိုသည်။

CDM အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီး ညီသုတက ပျောက်ဆုံးနေသည့် ဗိုလ်မှူးမျိုးမင်းထွန်းနှင့် ဧပြီ ဒုတိယပတ်အထိ ၎င်းနှင့် အဆက်အသွယ် ရှိခဲ့ကြောင်း၊ အဆိုပါ ဗိုလ်မှူးနှင့် ထိတွေ့မှု ရှိခဲ့သည့် ၁လကျော် အတွင်း ဗိုလ်မှူးမျိုးမင်းထွန်းက သတင်းနှိုက်သည့် အခြေအနေမျိုး မကြုံခဲ့ရကြောင်း ၎င်း၏ Facebook၌ ရေးသားထားသည်။

” အခု ကိုမျိုးမင်းထွန်းက စစ်ကောင်စီလက်ထဲပြန်ရောက်ပြီဆိုပြီး ကြားရတယ်။ နောက်ဆုံးအခြေအနေကို ကျနော် သေချာမသိသေးလို့ ဘာမှတော့မပြောနိုင်သေးဘူး။ ဒီကိစ္စဟာ CDM တွေအပေါ် ထိခိုက်စေတဲ့ ကိစ္စပါ။ ပြန်မိတာပဲဖြစ်ဖြစ် ၊ ပြန်အဖမ်းခံတာပဲဖြစ်ဖြစ် CDM တွေအကြောင်း ပြန်ဖော်တာမျိုးကတော့ မဖြစ်သင့်ပါဘူး။ပြည်သူတွေဟာ CDM တွေအပေါ် ယုံကြည်မှုပေးခဲ့တယ်။ ဒီလိုယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရတာကြောင့် ပြည်သူတွေကို အားနာမိတယ်ဗျာ”ဟု ဗိုလ်ကြီးညီသုတက ရေးသားထားသည်။

CDMအရာရှိ တစ်ဦးဖြစ်သည့် Captain Zero ကလည်း “CDM ဝင်ထားတဲ့ ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်း အဖမ်းခံထားရပြီး သူသိထားသမျှ ဖော်နေတယ်ဆိုတဲ့ သတင်းထွက်နေတာ ရက်အနည်းငယ်ရှိပါပြီ ။ ဒီသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းသိရှိထားသလောက် ပြောပြချင်ပါတယ် ။သူ CDM ဝင်ခဲ့ပြီးနောက်ပိုင်း ကျွန်တော်နဲ့ စကားပြောခဲ့ဖူးပါတယ် ခံယူချက်ရှိရှိ CDM လုပ်လာခဲ့တာမျိုးတော့မဟုတ်ပါဘူး ။ တတိယနိုင်ငံ ခိုလှုံခွင့်ကြောင့်လို့တော့ ယူဆပါတယ် ။ဘာကြောင့်လဲဆိုတော့ တတိယနိုင်ငံသွားဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော့်ကို မေးမြန်းတာမျိုးရှိခဲ့လို့ပါ ။အဲ့ဒီ့ကမှ တတိယနိုင်ငံသွားရောက်ဖို့ ထိုင်းနိုင်ငံထဲကိုကူးသွားပါတယ် ။ နောက်ပိုင်းမှာ ဖောင်တင်ပြီး စောင့်ဆိုင်းနေတယ်ဆိုတာလောက်ပဲ သိရပြီး အဆက်အသွယ်မရှိတော့ပါဘူး” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဗိုလ်မှူးမျိုးမင်းထွန်းနှင့် နီးစပ်သူများ၏ ပြောစကားအရ ၎င်းအနေဖြင့် တော်လှန်ရေးအပေါ် မယုံကြည်ကြောင်း နောင်တရသည့်စကားများ ထပ်တလဲလဲ ပြောလာကြောင်း၊ ပြန်အဖမ်းခံမည် ဟု အရိပ်အမြွတ်ပြောသွားကြောင်း Captain Zeroက ရေးသားထားသည်။

” အခုစစ်ကောင်စီ လက်ထဲပြန်ရောက်နေပြီလို့ အကြမ်းဖျဉ်းသိထားပါတယ် ။ သူ့အနေနဲ့ Non CDM လုပ်ပြီး ပြန်ဝင်သွားတာမျိုးဆိုပေမယ့် စစ်ကောင်စီကတော့ သူ့ကို စစ်ရာဇ၀တ်သားလိုပဲသတ်မှတ်ပြီး စစ်ကြောမေးမြန်းတာမျိုးလုပ်နေတယ်လို့သိရပါတယ် ။ ဒါကြောင့် သူသိထားသလောက်တော့ ဖော်မယ်လို့ ယူဆပါတယ် ။ဒါပေမယ့်အရမ်းကြီးစိတ်ပူစရာတော့မရှိပါဘူး ။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက်အလက်တွေ ၊အကြောင်းအရာတွေကို သူသိထားတာမရှိလို့ပါ ။အစကတည်းက တတိယနိုင်ငံထွက်ဖို့သက်သက် CDM လုပ်လာတာလို့ ယူဆရပြီး တော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါထားတာမျိုး မရှိပါဘူး ။ သူနဲ့အနီးကပ်ဆုံး ပတ်သက်ခဲ့တဲ့သူတွေဆိုရင်တော့ ဂရုစိုက်ဖို့ လိုမယ်ထင်ပါတယ်” ဟုလည်း Captain Zeroက ရေးသားထားသည်။

ထို့ပြင် ယခုနောက်ပိုင်း CDM အယောင်ဆောင် ပြီး တော်လှန်ရေးဘက်ခြမ်းကိုနည်းမျိုးစုံနှင့် ဝင်ရောက်ရန် ကြိုးပမ်းမှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

“ဒါကြောင့် ဘယ်လိုပုံစံနဲ့ပဲ ဝင်လာလာ အခုနောက်ပိုင်း ဝင်လာသူတွေကို သေချာထိန်းသိမ်းထားကြပါ ။ သတိမပေါ့စေလိုပါ ။လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေအနေနဲ့ အခုနောက်ပိုင်း စစ်တပ်ကနေ လက်နက်ချ အလင်းဝင်ဖြစ်စေ ၊ CDM နာမည်ခံဖြစ်စေ ၀င်ရောက်လာတဲ့ စကစ တပ်သားတွေကို ထိန်းသိမ်းထားတာထက်ပိုတဲ့ လုပ်ပိုင်ခွင့်မပေးပါနဲ့ ။ဥပမာ အထိန်းအကွပ်မဲ့ Online ပေးသုံးတာမျိုးပါ ။ပူးပေါင်းတိုက်ပွဲဝင်ခိုင်းဖို့ဆိုရင် ပိုတောင် ဆိုးသွားပါပြီ ။ တပ်ရင်းတပ်ဖွဲ့တွေရဲ့ လုံခြုံရေး စည်းကျိုးပေါက်သွားနိုင်တဲ့အတွက် လုံး၀မလုပ်သင့်ပါ”ဟု Captain Zero က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။