Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်ကောင်စီ စီစဥ်မည့် ရွေးကောက်ပွဲကို ပါဝင်ပံ့ပိုးခြင်း လုံးဝမပြုလုပ်ရန် နိုင်ငံရေးပါတီများအား STA တောင်းဆို

နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုရန် STA ၏ တောင်းဆိုချက်မှာ လူထုအမြင် သဘောထားနှင့် ကိုက်ညီမှုရှိကြောင်း ပြည်တွင်းရှိ နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

(ပြည်သူများ​၏ မဲပေးရွေးချယ်မှုကို အသိအမှတ်ပြုရန် အာဏာသိမ်းစစ်တပ်အား တောင်းဆိုဆန္ဒပြနေသည်ကို ၂၀၂၁ဖေဖော်ဝါရီက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ပြည်သူများ​၏ မဲပေးရွေးချယ်မှုကို အသိအမှတ်ပြုရန် အာဏာသိမ်းစစ်တပ်အား တောင်းဆိုဆန္ဒပြနေသည်ကို ၂၀၂၁ဖေဖော်ဝါရီက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️စစ်အုပ်စု၏ရွေးကောက်ပွဲပါဝင်သူများ သမိုင်း၏ ဒဏ်ခတ်ခြင်း၊ ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံကြရလိမ့်မည်ဟု DPNS တွဲဖက်အထွေထွေအတွင်းရေး မှူးပြော

အာဏာသိမ်းစစ်ကောင်စီ စီစဥ်မည့် ရွေးကောက်ပွဲကို မှတ်ပုံတင်ခြင်း လုံးဝမပြုလုပ်ဘဲ ယင်းရွေးကောက်ပွဲကို ပံ့ပိုးကူညီခြင်း လုံးဝမပြုလုပ်ရန် အထူးတာဝန်လုပ်ငန်းအဖွဲ့(STA)က နိုင်ငံရေးပါတီများကို ယနေ့တောင်းဆိုလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ရင်ဆိုင်နေရသော အကြပ်အတည်းအားလုံးတွင် မည်သည့်အခြေအနေကိုမျှ အသာစီးမရသည့်အတွက် ထွက်ပေါက်တစ်ခုအဖြစ် ၂၀၂၃ ရွေးကောက်ပွဲကိုပြုလုပ်ရန်ကြိုးပမ်းနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်က မင်းအောင်လှိုင်စီစဥ်တဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်တာကို ကန့်ကွက်တဲ့အနေနဲ့ ရည်ရွယ်တာပါ” ဟု STA တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီကျင်းပမည်ဆိုသော ရွေးကောက်ပွဲသည် စစ်အုပ်စုကို တစုံတရာ တရားဝင်မှုပေးသော၊ ပေးနိုင်ရန် ကြိုးစားသည့် လုပ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်လည်ရောက်ရှိရန် တွန်းပို့ခြင်းဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက မှတ်ချက်ပြု သည်။

Public Service Announcement

Public Service Announcement

“ဘယ်လိုပဲဖြစ်ပါစေ၊ ပြည်သူတွေရဲ့ အသက်သွေးချွေး အများကြီး ပေးဆပ်ပြီးတော့မှ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးအတွက်ကို ကြိုးစားတွန်းလှန်နေကြတဲ့ နွေဦးတော်လှန်ရေးမှာတော့ တတ်နိုင်သမျှပူးပေါင်းပါဝင်ကြဖို့လိုတယ်။ မိမိတို့ ကိုယ်ကျိုးစီးပွား၊ မိမိတို့ ပါတီကိုယ်ကျိုးစီးပွားကိုပဲ မကြည့်ဘဲနဲ့ နိုင်ငံတခုလုံးရဲ့ အကျိုးစီးပွား၊ ပြည်သူ တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို တည့်တည့်မျက်နှာမူကြပြီးတော့မှ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်း၊ မပါဝင်ကြဖို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ပါဝင်လိုက်ခြင်းအားဖြင့် သူတို့မှာ ဘာဖြစ်လာနိုင်လဲဆိုတော့ တချိန်ချိန်မှာ သမိုင်းရဲ့ ဒဏ်ခတ်ခြင်း၊ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို ခံကြရလိမ့်မယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ပြီး ရွေးကောက်ပွဲမှာ မပူးပေါင်း မပါဝင်ကြဖို့ ကျွန်မက တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း ရွေးကောက်ပွဲအပါအဝင် အာဏာသိမ်းစစ်ကောင်စီ ဖွဲ့ စည်းထားသော ရွေးကောက်ပွဲကော်မရှင် ဆောင်ရွက်သမျှကို လုံးဝအသိအမှတ်ပြုလက်ခံမည်မဟုတ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ပြီးခဲ့သည့် ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကို ပါဝင်ခြင်းမပြုရန် STA ၏ တောင်းဆိုချက်မှာ လူထုအမြင် သဘောထားနှင့် ကိုက်ညီမှုရှိကြောင်း ပြည်တွင်းရှိ နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။

“စစ်ကောင်စီအနေနဲ့ ဒီရွေးကောက်ပွဲကို မဖြစ်မနေလုပ်မှာပါ။ မဖြစ်မနေ လုပ်မှာပါဆိုတာ ဖြစ်နိုင်တဲ့နေရာလောက်ဖြစ်လည်း လုပ်မှာပဲ။ အဲဒီဟာအတွက် သူ့မှာရှိနေတဲ့ စစ်အင်အား၊ ဓနအင်အားမျိုးစုံသုံးပြီး မဖြစ်ဖြစ်အောင် လုပ်မှာပါ။ ဒါဟာ သူ့ရဲ့ တစ်ခုတည်းသော နိုင်ငံရေး ထွက်ပေါက်ဖြစ်နေလို့ပါ။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲဟာ အကန့်အသတ်ကြီးမားမှုနဲ့ အတိုက်အခံပေါင်းစုံရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြားထဲမှာ လုပ်ရမှာဖြစ်တဲ့အတွက် တရားမျှတ လွတ်လပ်တဲ့ရွေးကောက်ပွဲတော့ မဖြစ်နိုင်ဘူးလို့ လုံးဝယုံကြည်ပါတယ်။ ဒါပေမဲ့ ခုနကပြောတဲ့ဘယ်ပါတီတွေ ပါမလဲဆိုတာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ အစီအစဥ်တွေမှာ ပါဝင်တက်ရောက်ထောက်ခံနေတဲ့ ဘယ်တုန်းကမှ လူထုထောက်ခံမှု မရခဲ့တဲ့ပါတီတွေကတော့ ပါဝင်လိမ့်မယ်။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတွေကတော့ ပါဝင်မယ်လို့ မယူဆပါဘူး” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။