Connect with us

Hi, what are you looking for?

သတင်း

တစ်နှစ်ပြည့် နွေဦးပျောက်ကျားတပ်ဖွဲ့

ကျွန်းဆွယ်သေးသေးလေးတစ်ခုပေါ်တွင် စတင်စုဖွဲ့ ဖွဲ့စည်းခဲ့သော မိမိတို့နွေဦးပြောက်ကျားတပ်ဖွဲ့သည် ယနေ့ အောက်တိုဘာလ(၉)ရက်တွင် အစုအဖွဲ့အားဖြင့် တော်လှန်ရေးခရီးကြမ်းတွင် ဖြတ်လျှောက်လာခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

တစ်နှစ်ပြည့် နွေဦးပျောက်ကျားတပ်ဖွဲ့
တစ်နှစ်ပြည့် နွေဦးပျောက်ကျားတပ်ဖွဲ့

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာသည်အထိ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ LPDF(Local)များနှင့် ပူးပေါင်းပြီး အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ကတိပေးလိုက်သည်။

ကျွန်းဆွယ်သေးသေးလေးတစ်ခုပေါ်တွင် စတင်စုဖွဲ့ ဖွဲ့စည်းခဲ့သော မိမိတို့နွေဦးပြောက်ကျားတပ်ဖွဲ့သည် ယနေ့ အောက်တိုဘာလ(၉)ရက်တွင် အစုအဖွဲ့အားဖြင့် တော်လှန်ရေးခရီးကြမ်းတွင် ဖြတ်လျှောက်လာခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

နွေဦးပြောက်ကျားတပ်ဖွဲ့သည် ရင်းနှီးရာရင်းနှီးကြောင်းတွေဆီကနေရတဲ့ အထောက်အပံ့လေးများနှင့် ရပ်တည်ရင်း လက်လုပ်သေနတ်များအား ရသမျှစုစည်းပြီး စစ်အာဏာရှင်ထောက်တိုင်များကို ရသည့်နည်းလမ်းဖြင့် တွန်းလှန်တိုက်ခိုက်ရင်းမှသည် ယခုဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်လာနိုင်ပြီဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍လည်း တစ်နှစ်အတွင်းရရှိလာခဲ့သော မဟာမိတ်ဆက်ဆံရေး၊ စစ်ရေး စသည့် အတွေ့အကြုံများအပေါ်အခြေခံပြီး ရှင်းလင်းပြတ်သားစွာ ချမှတ်ထားသည့် အခြေခံမှုနှင့် ဦးတည်ချက်များအတိုင်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာသည်အထိ အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ ပြည်သူလူထုအပေါ် ကတိပေးအပ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service Announcement...