Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ခွန်ရွာရဲစခန်းကို ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)က (၄၀)မမများဖြင့်ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၂၄ ရက်) နံနက် ၉ နာရီခန့်ကဖြစ်ပြီး စစ်ကောင်စီ တပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း အသိပေးသည်။

(ဆိပ်ခွန်ရဲစခန်းကို (၄၀)မမ များဖြင့် တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - 96 Soldiers PDF)
(ဆိပ်ခွန်ရဲစခန်းကို (၄၀)မမ များဖြင့် တိုက်ခိုက်နေစဥ်၊ ဓာတ်ပုံ - 96 Soldiers PDF)

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရဲစခန်းကို (၄၀)မမ များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)အဖွဲ့က ယနေ့ (သြဂုတ် ၂၅ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်အရ ယမန်နေ့(သြဂုတ် ၂၄ ရက်) နံနက် ၉ နာရီခန့်ကဖြစ်ပြီး စစ်ကောင်စီ တပ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း အသိပေးသည်။

“ရဲစခန်းထဲမှာ တပ်စွဲထားတာ ပျှမ်းမျှ ရခ နဲ့ စခ ၃၀ကျော်လောက်ရှိတယ်။အလစ်ငိုက် ဝင်တိုက်ခဲ့တာ”ဟု တိုက်ပွဲဖြစ်စဥ်တွင်ပါဝင်ခဲ့သော တပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

ဆိပ်ခွန်ကျေးရွာရဲစခန်းကို 96 Soldiers PDF၊ ရွှေဘိုမြို့နယ်တပ်ရင်း (၅) တပ်ခွဲ -၃၊MDF- Shwe bo၊C & T SHWEBO LPDF၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇေယျာသွေးကျားရိုင်း၊ ဇာမဏီဒေါင်း၊ ရွှေဘိုစွန်ရဲ LPDF၊ ဒေါင်းမာန် -ရွှေ ဘို LPDF၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂(ပ.က.ဖ)၊ Bo Ba Taw၊ SNAKE EYES LPDF၊ Shwebo Federal Army (LPDF)၊ Alpha-7 တို့နှင့် ဗိုလ်ကျားရိုင်း ရွှေဘို (LPDF)တို့မှ ပူပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ရေးအခြေအနေကြောင့်လည်း စက်တင်ဘာ ၁ရက်အထိ ရွှေဘို – ဆိပ်ခွန် – မူးကမ်းကြီး – နောင်ကြီးအိုင်လမ်းတစ်လျှောက်အား ည ၇နာရီမှ – နံနက် ၅နာရီအတွင်း ဖြတ်သန်းသွား လာခြင်းမပြုရန် ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။