Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် RCSSက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်း

အဆိုပါ ကမ်းလှမ်းချက်တွင် လက်ရှိ နိုင်ငံတဝန်း ၌ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်များကို ဖော်ပြထားခြင်းမပြုပေ။

စစ်ကောင်စီနှင့် ယွတ်စစ်တို့ တွေ့ဆုံနေစဉ်
စစ်ကောင်စီနှင့် ယွတ်စစ်တို့ တွေ့ဆုံနေစဉ်

▪️NUGက အဆုံးတိုက်ပွဲအတွက် ထိုးစစ်ဆင်တော့မည်ဟု ကြေညာပြီးရက်ပိုင်းအတွင်း ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ယနေ့ ကမ်းလှမ်းချက် ထုတ်ပြန်သည်။

အဆိုပါ ဖိတ်ခေါ်ချက်ကို ယနေ့(အောက်တိုဘာ ၁၀ရက်)မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ရက် အထိ သတ်မှတ်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့် အပြန်အလှန်ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုများအား လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနှင့် လူထု တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေး ရည်ရွယ်သည်ဟု ဖော်ပြထားသည်။

အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးခြင်းမှသည် မဟာမိတ်ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်နိုင်ရေးအထိ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်၍ ဆွေးနွေးရေးကမ်းလှမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

အဆိုပါ ကမ်းလှမ်းချက်တွင် လက်ရှိ နိုင်ငံတဝန်း ၌ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်များကို ဖော်ပြထားခြင်းမပြုပေ။

Public Service Announcement

Public Service Announcement

RCSS သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပထမဆုံး ထုတ်ပြန်ပြောဆိုခဲ့သည့် အဖွဲ့ဖြစ်သော်လည်းနောက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် နှင့် RCSS ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က PDFများကို ဝေဖန်တိုက်ခိုက်သည့် ပြောဆိုချက်များကို ပြောဆိုခဲ့သည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ကတော့ PDFကို အားမပေးဘူး။ ဘာလို့အားမပေးတာလဲဆိုတော့ PDF တွေက အခုတော့ ပြဿနာ မဟုတ်သေးဘူး။ နောင်တစ်ချိန်မှာ PDF တွေဟာ ပြဿနာဖြစ်လာလိမ့်မယ်။ NUGက သူတို့ကို ထိန်းလို့ရမယ်ထင်လား။ NUG ထိန်းနိုင်မှာ မဟုတ်ဘူး။ လက်နက်တွေရ သွားပြီး ဘာမှ မလုပ်ဖြစ်ရင် နောက်ဆုံး ဓားပြတွေ ဖြစ်ကုန်လိမ့်မယ်။ မထိန်းနိုင်ခဲ့ရင်ပေါ့”ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ရှမ်းသတင်းဌာနနှင့် အင်တာဗျူး၌ ဖြေကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် အောက်တိုဘာ ၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်အာဏာရှင်များ ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်ထားပြီး ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့်ပူးပေါင်း ဆောင်ရွက်မည်ဟု အသိပေးခဲ့သည်။

တစ်ဖက်တွင် စစ်ကောင်စီအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးလိုသည်ဟု အကြောင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ခဲ့သော်လည်း RCSS အပါအဝင် စစ်ကောင်စီနှင့် တိုက်ပွဲမဖြစ်သည့် အဖွဲ့များက ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော်လည်း KNU၊ KIA၊ CNF၊ KNPP၊ AA၊ MNDAA စသည့် စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်နေသည့် အဖွဲ့များက လက်မခံဘဲပယ်ချခဲ့သည်။

အဆိုပါ အခြေအနေတွင် RCSS က တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးလိုကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်နဲ့ စစ်ကောင်စီအကြားဒီကနေ့ (ဩဂုတ် ၂၂)နေ့လည်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook