Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် မရှိအောင်လုပ်ဖို့ NUG ယာယီသမ္မတပြော

စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကိုအသိပေးပါတယ်။

စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် မရှိအောင်လုပ်ဖို့ NUG ယာယီသမ္မတပြော
စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် မရှိအောင်လုပ်ဖို့ NUG ယာယီသမ္မတပြော

ရွေးကောက်လမ်းကြောင်းကနေ ထွက်ပေါက်ရှာနေတဲ့စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ ယာယီသမ္မတ ဒူဝါလရှီးလ က ဒီနေ့မှာကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်အဖြစ်မျှော်လင့်ထားပြီး စစ်တပ်လက်ဝေခံကြံခိုင်ရေးပါတီ ခေါင်းဆောင်အပြောင်းအလဲလုပ်ကာ အကွက်ဝင်အောင် စနစ်တကျစီမံနေတာတွေ့ရတယ်လို့ယာယီသမ္မတက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုတယ်လို့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကိုအသိပေးပါတယ်။

လာမယ့်နှစ်မှာ စစ်ကောင်စီရွေးကောက်ပွဲလုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်နိုင်ဖို့ကိုလည်း NUG ဟာ ဆောင်ရွက်နေတယ်လို့ ယာယီသမ္မတက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ် မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ပြောထားတာရှိပါတယ်။

အဲဒီရွေးကောက်ပွဲကို ပီအာရ်စနစ်နဲ့ကျင်းပမှာဖြစ်ပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲသုံးဆိုင်ရာပစ္စည်းကိရိယာတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီးတင်ဒါခေါ်ယူတာတွေလုပ်နေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကလည်း တရားမဝင်အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံနိုင်မှာမဟုတ်ကြောင်း အတိအလင်းကြေညာထားပါတယ်။

အမေရိကန်အစိုးရကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှာမဟုတ်သလို ထောက်ခံမှာမဟုတ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားတာရှိပါတယ်။

ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ သောမတ်စ် အန်ဒရူး ကလည်း စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံတကာကိုလှည့်ဖျားဖို့ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက နိုင်ငံတကာအသိုင်းအဝိုင်းကိုသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။