Connect with us

Hi, what are you looking for?

သတင်း

မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး

စစ်ကောင်စီအနေဖြင့် ၂၀၂၃ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားသည်မှာ ထင်ရှားကြောင်း ယာယီသမ္မတက ပြောသည်။

မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး
မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး

▪️၂၀၂၃ ရွေးကောက်ပွဲ မပျက်ပျက်အောင်ဖျက်မယ်ဆိုသည့်အဆင့်ထက် ကျော်လွန်စဉ်းစားထားကြောင်း အသိပေး

စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်နေ၍ မြို့ပြများအထိ စစ်ဆင်ရေးနယ်များ ဖြစ်လာနိုင်သည်ကို အထူးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။

“စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ သူ့အာဏာအတွက်ဆိုရင် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားပဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ အထူးသတိပေးလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး
မြို့ပြများအထိ စစ်ဆင်ရေးနယ်များဖြစ်လာနိုင် သည်ကို ကြိုတင်တွက်ဆထားရန် ယာယီသမ္မတ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံတော်လှန်စစ် (၁)နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ် များ ပြည်သူသို့ အစီရင်ခံတင်ပြရာတွင် လူထု၏ အမြင်သဘောထား အကောင်းဘက်သို့ တိမ်းညွှတ်မှုရှိနေဆဲ ဖြစ်သကဲ့သို့ အချို့ကလည်း ယုံကြည်မှု နည်းပါးနေကြောင်း ၎င်းက ဆိုသည်။

“လူထုသဘောထားအမြင်ကို မပြောင်းလဲနိုင်ပေမယ့် ကျွန်တော်တို့လျစ်လျှူရှုလို့ မရပါဘူး။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကိုတောင်စွန့်ပြီး ရှေ့တိုး လုပ်ရသေးတာပဲ၊ ယခု လက်ရှိအခြေအနေက ကျွန်တော်တို့မှာ ဖြစ်နိုင်နေတာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ ကျွန်တော်တို့ အားလုံးပြင်ဆင်ထားကြရမယ်လို့ ပြောကြားလိုပါတယ်။ အထူးသဖြင့် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ကျွန်တော် အထူး တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ၂၀၂၃ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် မျှော်လင့်ထားသည်မှာ ထင်ရှားကြောင်း ယာယီသမ္မတက ပြောသည်။

“စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီထဲမှာလည်း ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပြီး သူ့စီမံချက်ထဲမှာ စနစ်တကျအကွက်ဝင်အောင် စီမံနေတာကို ကျွန်တော်တို့တွေ့နေရပါတယ်။ ဒါတွေကို သတိကြီးကြီးထားပြီး စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်မရှိအောင် လုပ်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲ လုပ်လာမယ့်အပေါ် လက်တွေ့ကျကျ တုံ့ပြန်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက်တော့ ကျော်လွန်စဉ်းစားထားမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး ပိုများလာကြောင်း၊ မြန်မာစစ်တပ်သည် နလပိန်းတုံး အသိဉာဏ်လောက်ဖြင့် မဲမဲမြင်ရာစွတ်ရမ်းနေကြောင်း ယာယီသမ္မတက ပြောသည်။

“နိုင်ငံတကာအကူအညီတွေပေးနေ ပေမယ့် စစ်ကောင်စီကို ကျော်ပြီး လူထုထံအရောက်ကူညီဖို့ အကန့်အသတ်တွေ ခပ်များများတွေ့နေ ရပါတယ်။ ဒါကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အထူးအာရုံစိုက်ဖြေရှင်းဖို့ ကြိုးစားကြပါ”ဟု ၎င်းက ဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေး မကြာမီ ၂နှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် နွေဦးတော်လှန်ရေး၏ တပ်ဦး၌ နိုင်ငံရေး ဦးဆောင်မှုနှင့် စစ်ရေးဦးဆောင်မှု အခန်းကဏ္ဍ၌ ရှိနေသည်ကို မမေ့ရန်၊ မပေါ့လျော့ရန် ယာယီသမ္မတက မှာကြားသည်။

“တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျွန်တော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။