Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၆၆)မှ တပ်သားတစ်ဦး လက်နက်နှင့်ထပ်မံခိုလှုံလာဟု ကရင်နီပြည်သူ့ရင်ခွင်အသိပေး

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်
ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်

စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ ခိုလှုံလာ၍ ဆုငွေပေးအပ်ခဲ့ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ထုတ်ပြန်သည်။

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

“သူက မိုးဗြဲမှာ ထိုးစစ်ဆင်နေတဲ့ တပ်မ(၆၆)တပ်သားတစ်ဦးပါ။ကျွန်တော်တို့ စိစစ်ပြီး လက်ခံထားပါတယ်”ဟု ကရင်နီပြည်သူ့ရင်ခွင် မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်
ဓာတ်ပုံ – ကရင်နီပြည်သူ့ရင်ခွင်

ယခင်ကလည်း တပ်မ (၆၆) လက်အောက်ခံ တပ်သားများ ကရင်နီ ပြည်သူ့ရင်ခွင်ခိုလှုံမှုများရှိခဲ့ရာ စက်တင်ဘာလအတွင်းက ခလရ(၁၁)က တပ်သား သုံးဦး သေနတ် ၃လက်၊ ကျည်ဘောက်နှင့် ကျည်များ၊ လက်ပစ်ဗုံးများနှင့်အတူ CDM ပြုလုပ်ခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်သူ့ ရင်ခွင်က စစ်ကောင်စီတပ်သားများ CDM ပြုလုပ်လာမှုကို ပြည်သူလူထုအား အသိပေးမှုများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာမှ ယနေ့အောက်တိုဘာ ၁၂ရက်အထိ ပြည်သူ့ ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင် စာမျက်နှာမှ ဖော်ပြထားသည်။

CDM စစ်သားများအနက် စစ်ကောင်စီတပ်ကို ပြန်လည်ခုခံရာတွင် ကျရာကဏ္ဍမှ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်သူများ ရှိသကဲ့သို့ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည့် သူများလည်း ရှိကြောင်း ကာယကံရှင် CDM စစ်သည်များက ပြည်သူလူထုသို့ အသိပေး ပြောဆိုထားကြသည်။

ကရင်နီ(ကယားပြည်နယ်)တွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားမှုရှိနေပြီး ကရင်နီတပ်မတော် (KA) အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် PDFတပ်တို့မှ ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။