Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၆၆)မှ တပ်သားတစ်ဦး လက်နက်နှင့်ထပ်မံခိုလှုံလာဟု ကရင်နီပြည်သူ့ရင်ခွင်အသိပေး

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်
ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်

စစ်ကောင်စီ၏ တပ်မ(၆၆) လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ ခိုလှုံလာ၍ ဆုငွေပေးအပ်ခဲ့ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ထုတ်ပြန်သည်။

ခမရ(၄)မှ တပ်သား လွင်မိုးသူသည် ယမန်နေ့(အောက်တိုဘာ ၁၁ရက်)တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ၎င်းအား ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဖော်ပြထားသည်။

“သူက မိုးဗြဲမှာ ထိုးစစ်ဆင်နေတဲ့ တပ်မ(၆၆)တပ်သားတစ်ဦးပါ။ကျွန်တော်တို့ စိစစ်ပြီး လက်ခံထားပါတယ်”ဟု ကရင်နီပြည်သူ့ရင်ခွင် မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - ကရင်နီပြည်သူ့ရင်ခွင်
ဓာတ်ပုံ – ကရင်နီပြည်သူ့ရင်ခွင်

ယခင်ကလည်း တပ်မ (၆၆) လက်အောက်ခံ တပ်သားများ ကရင်နီ ပြည်သူ့ရင်ခွင်ခိုလှုံမှုများရှိခဲ့ရာ စက်တင်ဘာလအတွင်းက ခလရ(၁၁)က တပ်သား သုံးဦး သေနတ် ၃လက်၊ ကျည်ဘောက်နှင့် ကျည်များ၊ လက်ပစ်ဗုံးများနှင့်အတူ CDM ပြုလုပ်ခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်သူ့ ရင်ခွင်က စစ်ကောင်စီတပ်သားများ CDM ပြုလုပ်လာမှုကို ပြည်သူလူထုအား အသိပေးမှုများ ပြုလုပ်လျက်ရှိရာ စက်တင်ဘာမှ ယနေ့အောက်တိုဘာ ၁၂ရက်အထိ ပြည်သူ့ ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင် စာမျက်နှာမှ ဖော်ပြထားသည်။

CDM စစ်သားများအနက် စစ်ကောင်စီတပ်ကို ပြန်လည်ခုခံရာတွင် ကျရာကဏ္ဍမှ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်သူများ ရှိသကဲ့သို့ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည့် သူများလည်း ရှိကြောင်း ကာယကံရှင် CDM စစ်သည်များက ပြည်သူလူထုသို့ အသိပေး ပြောဆိုထားကြသည်။

ကရင်နီ(ကယားပြည်နယ်)တွင် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားမှုရှိနေပြီး ကရင်နီတပ်မတော် (KA) အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် PDFတပ်တို့မှ ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။